ဒိုဒိုအဆောင်ရဲ့သာယာလှပတဲ့ညနေခင်းလေး၌ဝယ်အဆောင်မှူးနဲ့
ဇူးဇူးဟာမီးဖိုချောင်ထဲမှာအလုပ်ရှုပ်နေလေသည်။" ပဲပိစပ်ကိုခရမ်းချဥ်သီးဆော့စ်နဲ့ရောသမမွှေလိုက်ရမလား"
" မင်းဒါချီမှုန့်ထည့်လိုက်အုံးနော်"
ကြက်သားကြော်တုံးတွေကိုဆယ်နေတဲ့အဆောင်မှူးကသတိပေးသလိုနဲ့ဟန့်သည်။
"အားယီးယား... ကျွန်တော်ဘယ်တုန်းကမေ့ဖူးလို့လဲဗျ"
"ငါသိတယ်ဟေ့၊မှားပြောမိတာ..မှားပြောမိတာ"
ဇူးဇူးကစပ်ဖြဲဖြဲနဲ့ပြောနေပေမယ့်အဆောင်မှူးကမှုန်ကုပ်ကုပ်နဲ့သာပြန်ချေပသည်။
ပထမဆုံးအနေနဲ့ဇူးဇူးက...
အပူပေးမီးဖိုပေါ်သို့ဒယ်အိုးအနက်လေးကိုတင်ကာအရင်ဆုံးအပူပေးလိုက်သည်။ထို့နောက်ဆီကိုအသင့်အတင့်
ထည့်လိုက်သည်။ဆီပူလာတာကိုစောင့်နေတုန်းမှာပဲခရမ်းချဥ်သီးတစ်လုံးနဲ့ကြက်သွန်ဖြူကိုအသင့်ပြင်ဆင်သည်။ရေဆေးပြီးသားအနီရောင်ရွှမ်းပြီးအလုံးကြီးတဲ့ခရမ်းချဥ်သီးကြီးကိုဓားနဲ့ပါးပါးပါးပါးလှီးကာဘေးမှာပုံထားပြီးကြက်သွန်ဖြူသုံးမွှာလောက်ကိုအခွံနွာရေဆေးပြီးတော့နုတ်နုတ်ဆင်းလိုက်သည်။
ဆီပူပြီးပူစီဖောင်းလေးတွေပွက်ပွက်
ဆူထလာတော့မှသူနုတ်နုတ်စင်းပြီးသားကြက်သွန်အဖြူတွေကိုထည့်လိုက်သည်။ကြက်သွန်တွေကိုအမွှေးနံ့လေးရတဲ့အချိန်အထိဇွန်းကြီးနဲ့မွှေပေးနေပြီးအစိမ်းနံ့ပျောက်ကာအနံ့လေးမွှေးလာတော့မှခရမ်းချဥ်သီးကိုထည့်ရောမွှေလိုက်သည်။
ထို့နောက်ဒါချီမှုန့်၊ဆား၊ဟင်းချက်မှုန့်အနီတို့ကိုထည့်ပြီးပဲပိစပ်လေးတွေကိုပါ
ထည့်လိုက်သည်။ဆားတွေအများကြီးထည့်၍မဖြစ်ပေဘာလို့ဆိုပဲပိစပ်ကအစကတည်းကအငန်ဓာတ်လေးပါပြီးသားလေ။
ပဲပိစပ်ရဲ့ကျက်နေတဲ့အနံ့လေးရယ်ကြက်သွန်ဖြူနံ့မွှေးမွှေးလေးသင်းတဲ့ခရမ်းချဥ်သီးဆော့စ်လေးရယ်ပေါင်းစပ်လိုက်တဲ့အခါမှာတော့မီးဖိုခန်းလေးထဲမှာအရမ်းကိုမွှေးကြိုင်နေတော့သည်။
YOU ARE READING
🍓စတော်ဘယ်ရီဆံညှပ်နဲ့ကောင်လေး🍓
Romanceငါရေခဲမုန့်ဆိုင်မှာတွေ့လိုက်တဲ့ကောင်လေးကပန်းရောင်ဆံညှပ်လေးနဲ့!! နောက်ပြီးတော့!🍓💜 အဲ့ဒီ့စတော်ဘယ်ရီသီးဆံညှပ်နဲ့ကောင်လေးရဲ့နာမည်ကနီနီတဲ့!💛🍓💙 cute plotလေးစဥ်းစားထားတာပါ🍓 ပေါ့ပေါ့ပါးပါးလေးနဲ့ချစ်စရာကောင်းမဲ့စတော်ဘယ်ရီပုံပြင်လေး🍓🍬 🍓Boy with stra...