Synopsis

111K 4.7K 150
                                    

Unicode

Myanmar Translation of
• I Was Pregnant After Divorce •

လင်းကျစ်ရှသည် နောက်ခံအကြောင်း တစ်ခုမှ
မသိပါဘဲ ရုတ်တရက်ဆိုသလိုပဲ စာအုပ်တစ်အုပ်
ထဲသို့ ဝိညာဉ်ကူးပြောင်းသွားခဲ့သည်။ ထိုကမ္ဘာရှိ
အဓိကဇာတ်လိုက်က အရာအားလုံးယူဆောင်
သွားကာ သူ့အား သေသေ၊ရှင်ရှင် ဂရုမစိုက်ဘဲ
ပစ်ထားပြီး ပြက်ရယ်ပြုခဲ့၏။

အဆုံးမှာ သူလိုချင်တာကို ရသွားသည်က
ဝမ်းမြောက်စရာပင်။

လင်းကျစ်ရှ ဘာတွေပဲလုပ်ပါစေ၊ ဇာတ်လိုက်က
သူ့ကို အတုအယောင်ဟုထင်သည်၊ အကြံအစည်
အပြည့်နှင့်ဟု မြင်သည်။ သို့နှင့် လင်းကျစ်ရှက
ပြတ်ပြတ်သားသားဆုံးဖြတ်ချက်ချလိုက်ကာ
အထုပ်အပိုးသိမ်းဆည်းပြီး ကွာရှင်းဖို့ပြင်တော့
သည်!

မူလပိုင်ရှင်၏မကောင်းသတင်းနှင့်အတူ
လင်းကျစ်ရှက ဆင်းရဲမွဲတေစွာဖြင့် လော့မိသားစုထံမှ ထွက်ခွာလာခဲ့သည်။ သူ ပျော်လို့ရပြီဟု
ထင်သော်လည်း တစ်လအကြာတွင် ရုတ်တရက်
သိရှိလိုက်ရတာက-
.
.
.
သူ ထွက်ပြေးလာတဲ့အချိန်မှာ ကိုယ်ဝန်ရှိနေပြီတဲ့!

နှစ်ဦးကွာရှင်းပြီးဖြစ်တာကြောင့် လင်းကျစ်ရှက
အလုပ်မှာပဲ စိတ်နှစ်ထားကာ ကလေးကို တစ်ကိုယ်တည်းပြုစုပျိုးထောင်ခဲ့သည်။ လေးနှစ်
အကြာတွင် လင်းကျစ်ရှ၏ဘဝလေး တည်ငြိမ်
အေးချမ်းလာသည့်အခါမှာတော့ ခင်ပွန်းဟောင်း
'လော့ချင်'က ထူးမခြားနားစွာ ရောက်ချလာပြီး ကလေးကိုခေါ်သွားမည်ပြုလေ၏။

အဓိကဇာတ်လိုက်လော့ချင်နှင့် သူတစ်ပြန်
ကိုယ်တစ်ပြန် အလျှော့မပေးဘဲဖြစ်နေရင်း
ချော့တစ်ခါ၊ခြောက်တစ်လှည့်နည်းလမ်းတွေ
ကြားထဲ လင်းကျစ်ရှမှာ အလုံးစုံကူကယ်ရာမဲ့
သွားကာ ကလေးကိုခေါ်ပြီး လော့အိမ်တော်သို့
ပြန်လိုက်သွားရသည်။ သိပ်မကြာခင်မှာ သူ
ခံစားမိတာက...လော့ချင် တစ်စုံတစ်ရာမူမမှန်ကြောင်းကိုပင်။

လော့မိသားစုက လင်းကျစ်ရှကို အနိုင်ကျင့်
နှောင့်ယှက်ဖို့ကြံချိန်__

လော့ချင် (မျက်နှာသေဖြင့်) : ကျွန်တော့်မိန်းမကို
မလေးစားတဲ့သူတွေ အိမ်ကနေ ထွက်သွား။

ကွာရှင်းပြီးမှ ကိုယ်ဝန်ရ || ဘာသာပြန် [COMPLETED]Where stories live. Discover now