Unicode
မဖြစ်နိုင်သောမေးခွန်းကို မေးမိလေသယောင် လင်းကျစ်ရှ ခံစားလိုက်ရသည်။
ဒါပေါ့၊ ရှောင်အိုက်က စားနိုင်သေးတယ်။
လင်းခယ်အိုက်က ပဲပေါင်မုန့်တစ်လုံးကို
ထပ်စားပြီးနောက် ကားအပြင်ထွက်ချိန်မှာ
'သား ဗိုက်ဆာနေပြီ'ဟု အော်သေးသည်။လော့ချင်က ကလေးကို ပွေ့ချီထား၏။
ကောင်ကလေးဆီမှ တအီအီအသံကို
လင်းကျစ်ရှက မကြားသလိုနေကာ
လော့ချင်အား မေးလိုက်သည်။"ခင်ဗျား တကယ်ကြီး ဟင်းချက်မလို့လား"
လော့ချင် ယုံကြည်ချက်ရှိရှိ ခေါင်းညိတ်ပြသည်။
"ကိုယ်လေ့လာပြီးပြီ၊ မင်း ယုံထားလိုက်"
လင်းကျစ်ရှ စနောက်မိသည်။
"အင်တာနက်ကနေ လေ့လာထားတာမလား"
"ဆစ်စတာလီဆီမှာ သင်ထားတာ"
လော့ချင်က နှုတ်ခမ်းဖိလိုက်ကာ
"အွန်လိုင်းဗီဒီယိုတွေကနေ လေ့လာတာလည်း
တော်တော်လေး ကောင်းပါတယ်"လင်းကျစ်ရှ ခပ်ကျယ်ကျယ်ရယ်မိလေပြီ။
အစက ညစာကို အပြင်မှာစားဖို့စီစဥ်ထားသော်လည်း ဘာကြောင့်မှန်းမသိ လော့ချင်က
ယနေ့ညစာကိုပြင်ဆင်ပေးမည်ဟု ရုတ်တရက်
ပြောလာခဲ့သည်။ ဘယ်လိုရလဒ်ထွက်လာမလဲ
သိချင်သား။လော့ချင်က ရှောင်အိုက်ကို အောက်ချပြီးနောက်
မီးဖိုချောင်ထဲဝင်သွားကာ ဆစ်စတာလီကို
နှင်ထုတ်လိုက်၏။ လင်းကျစ်ရှကတော့ ဧည့်ခန်း
ထဲမှာ ရှောင်အိုက်နှင့်အတူ တီဗီကြည့်ရင်း
ကျန်ခဲ့သည်။ တစ်ခဏအကြာမှာတော့ သူ
လော့ချင်၏အချက်အပြုတ်တိုက်ပွဲကို ကြည့်လို
သဖြင့် မီးဖိုချောင်သို့သွားရာ ဘယ်လက်က
ယောက်မ,ကိုင်ထားပြီး ညာလက်မှာ tablet
ကိုင်ထားသည့်လော့ချင်အား အစီအစဉ်ကျနစွာ
တွေ့ရလေသည်။သို့သော် tablet မှထွက်ပေါ်လာသည်က
ပြတ်သားသောရှင်းလင်းချက်။"ပထမဆုံးအနေနဲ့ ပန်းငရုတ်သီးအစိမ်း၊
ငရုတ်သီးအမှည့်၊ ကော်မှုန့်ဖြူ၊ ဆီ၊
ခရမ်းချဉ်သီး-မှိုနဲ့ပြုလုပ်ထားတဲ့အချဉ်ရည်...
အစရှိတဲ့ပါဝင်ပစ္စည်းတွေကို ပြင်ဆင်ရပါမယ်"
YOU ARE READING
ကွာရှင်းပြီးမှ ကိုယ်ဝန်ရ || ဘာသာပြန် [COMPLETED]
RandomTitle ✿ I Was Pregnant After Divorce Original Author ✿ 卷心西瓜 Eng Translator : Renlenox Status : 47 chapters + 3 extras (Completed) @Translated from English to Burmese Start Date - 18.7.2021 End Date - 20.11.2021