Unicode
လော့ချင် အလုပ်ချိန်ကို လျှော့ချလုနီးပါး
အမြန်အပြီးသတ်၍ အိမ်သို့အပြန်လမ်းတွင်
ဈေးကြီးသောဒင်းဆမ်းဆိုင်ရှေ့မှ ဖြတ်ဖြစ်
သည်။ ယခင်က သူနှင့်လင်းကျစ်ရှ ထိုဆိုင်မှ
အကြိမ်ကြိမ်ဝယ်စားဖူး၏။ လင်းကျစ်ရှ
သိပ်ကြိုက်တာကို သူတွေးမိသွားပြီး ကားရပ်ကာ
ဒင်းဆမ်းဆိုင်ထဲသို့ ဝင်သွားလိုက်သည်။လော့ချင်ဝင်လာသည်နှင့် ဝန်ထမ်းတော်တော်
များများ ပင့်သက်ရှိုက်မိကြပြီ။ တစ်နေကုန်
အလုပ်လုပ်ပြီး ပင်ပန်းနွမ်းဟိုက်နေချိန်မှာ သူတို့
ဆိုင်ထဲသို့ ယခုလိုချောမောဆွဲဆောင်မှုရှိသော
အမျိုးသားတစ်ဦး ရုတ်တရက်ဝင်လာသည်မို့
အနေအထားတစ်ခုလုံးကို လင်းထိန်သွားစေ၏။ဝန်ထမ်းအမျိုးသမီးက လော့ချင်ရှေ့သို့
ခပ်ကျုံ့ကျုံ့သွားကာ စိတ်အားထက်သန်စွာ
မေးလိုက်သည်။"ဘာများ လိုအပ်ပါသလဲရှင်"
လော့ချင် မျက်မှောင်ကုတ်ကာ ခပ်တိုးတိုး
ပြောလေ၏။"ကျွန်တော် ကြည့်လိုက်ဦးမယ်"
လင်းကျစ်ရှက ချိစ်ကိတ်နှင့် apple roll ကို
စားရတာ အနှစ်သက်ဆုံး။ လော့ချင်က
လင်းကျစ်ရှအကြိုက်နှင့်ကိုက်အောင် ရွေးချယ်
ဝယ်ယူပြီးနောက် ကောင်ကလေးအတွက်လည်း
သရေစာတချို့ဝယ်ကာ လက်နှစ်ဖက်လုံး
အပြည့်ဆွဲလျက် ဆိုင်မှထွက်ခွာလာလေသည်။လော့ချင် ခပ်ဝေးဝေးသို့ရောက်သည်နှင့်
ဆိုင်ဝန်ထမ်းတချို့က အုပ်စုဖွဲ့ရင်း ထိုသူ့နောက်ကျောကိုကြည့်နေပြီး ဈေးကြီးသော
ကိုယ်ထည်နိမ့်နိမ့်ကားပေါ် တက်သွားသည်အထိ
စောင့်ကြည့်နေပြီးမှ ဝေဖန်လေကန်ကြလေ၏။"သူ့ခြေတံရှည်တွေ၊ ကားထဲဝင်ထိုင်လိုက်တဲ့ပုံစံ၊
အမေရေ...ဈေးကြီးမှန်းသိသာတဲ့ကားကြောင့်
မဟုတ်ဘဲ ဒီလူ ကားထဲမှာဝင်ထိုင်ကတည်းက
အသေမိုက်နေတာ!""ကျွတ်..ဒီလောက်တောင် ချောပြီး ချမ်းသာတယ်
ဆိုတော့ ငါ မခံစားနိုင်ဘူး၊ တကယ် မတတ်နိုင်
တော့ဘူး"ဆိုင်မန်နေဂျာက အနားလျှောက်လာပြီး သူတို့ကို
ရေအေးနှင့်ဖြန်းသလို အရှိန်သတ်လိုက်သည်။
VOCÊ ESTÁ LENDO
ကွာရှင်းပြီးမှ ကိုယ်ဝန်ရ || ဘာသာပြန် [COMPLETED]
DiversosTitle ✿ I Was Pregnant After Divorce Original Author ✿ 卷心西瓜 Eng Translator : Renlenox Status : 47 chapters + 3 extras (Completed) @Translated from English to Burmese Start Date - 18.7.2021 End Date - 20.11.2021