Unicode
အိပ်ရာမဝင်ခင် ရေချိုးခဲ့တာကြောင့်လား မသိ။
ထိုညမှာ လင်းကျစ်ရှ အလွန်နှစ်ခြိုက်စွာ
အိပ်ပျော်ခဲ့သည်။ အိပ်မက်လုံးဝမမက်သည့်
အပြင် နောက်တစ်နေ့မနက်တွင် မမျှော်လင့်ဘဲ
နောက်ကျမှနိုးတော့သည်။သူ နောက်မှလာမည်ဟု ဆိုင်ဝန်ထမ်းကို
ကြိုပြောထားလို့ တော်သေး၏။ သူ,မလာခင်
ဝန်ထမ်းများအနေနှင့် ဆိုင်ကို ပိုကြည့်ထား
နိုင်မည်ဖြစ်ကာ သူ ကတိုက်ကရိုက်သွားစရာ
မလိုခဲ့။လင်းကျစ်ရှ ရှောင်အိုက်နှင့်အတူ
အောက်ထပ်သို့ဆင်းလာချိန်မှာ ထမင်းစားပွဲ၌
ထိုင်နေဆဲဖြစ်သောလော့ချင်ကို မြင်လိုက်ရ
သည်။ယနေ့က တနင်္လာနေ့။ လင်းကျစ်ရှ
သိသလောက်ဆိုလျှင် လော့ချင် ယခုအချိန်ထိ အလုပ်မသွားသေးပါက သေချာပေါက်
နောက်ကျမှာဖြစ်သည်။ လော့ချင်လို
အလုပ်ကြမ်းပိုးက အကြောင်းမရှိဘဲ
နောက်ကျခံမှာမဟုတ်။ ယခုတော့ စားပွဲခုံမှာ
ထိုင်နေဆဲဖြစ်ပြီး ပေါင်မုန့်မီးကင်ကို
ဖြည်းဖြည်းချင်းစားနေလေသည်။ပြောင်းလဲသွားလိုက်ပုံများ။
လင်းကျစ်ရှတို့နှစ်ဦး အောက်ထပ်ဆင်းလာ
သည်က မသိမသာမဟုတ်။ ရှောင်အိုက်က
တစ်ထစ်ချင်းဆင်းရင်း အသံပြုနေသည်။
ကောင်ကလေးက ဆင်းရင်းဆင်းရင်း
ပျော်လာကာ ခပ်ကြမ်းကြမ်းနင်းလိုက်ပြီး
မူကြိုကျောင်းသီချင်းကို ညည်းရင်း
မြူးနေလေ၏။လော့ချင် ခေါင်းမော့လိုက်ရာ လင်းခယ်အိုက်ကို
လက်တွဲရင်း ဖြည်းဖြည်းဆင်းလာသော
လင်းကျစ်ရှအား တွေ့ရသည်။ ပြတင်းမှန်မှ
ဖြတ်သန်းဝင်ရောက်လာသော အလင်းက
လင်းကျစ်ရှ၏မျက်နှာပေါ် အရိပ်ထင်လျက်
တစ်သားတည်း ပေါင်းစပ်သွားသကဲ့သို့
ထင်မှတ်စေသည်။ထိုမြင်ကွင်းကိုကြည့်ရင်း လော့ချင်၏
နှလုံးသားက ချက်ချင်းဆိုသလို နူးညံ့
ပျော့ပျောင်းသွားခဲ့သည်။တိတ်ဆိတ်ငြိမ်သက်ခြင်းကို လော့ချင်
နှစ်သက်၏။ လော့ယောင်ရှိစဉ်က ဆူဆူညံညံ
ဟောင်ဖွာဟောင်ဖွာလုပ်တတ်သဖြင့် သူ
သဘောမကျခဲ့။ သူမ ကောလိပ်သွားချိန်မှာ
တော့ ဒီအိမ်ထဲ လော့ချင်တစ်ယောက်တည်း
နေဖြစ်လေသည်။ သူ အထီးကျန်သလို
မခံစားရဘဲ ဆန့်ကျင်ဘက်အနေနှင့်
ဆိတ်ငြိမ်သောအခိုက်အတန့်ကို သဘောကျ
ခဲ့သည်။ သို့သော် လင်းကျစ်ရှတို့သားအဖ
ရောက်လာချိန်မှာတော့ ဆူညံသံနည်းနည်းကို
ကြားရတာလည်း ကောင်းသားပဲဟု
တွေးမိလေ၏။
YOU ARE READING
ကွာရှင်းပြီးမှ ကိုယ်ဝန်ရ || ဘာသာပြန် [COMPLETED]
RandomTitle ✿ I Was Pregnant After Divorce Original Author ✿ 卷心西瓜 Eng Translator : Renlenox Status : 47 chapters + 3 extras (Completed) @Translated from English to Burmese Start Date - 18.7.2021 End Date - 20.11.2021