Unicode
လော့ချင် လှည့်ထွက်ဖို့ရည်ရွယ်ပြီး ခြေလှမ်း
အချို့လှမ်းလိုက်သော်လည်း တစ်ဖန်ပြန်လှည့်
လာကာ လင်းကျစ်ရှကို အေးတိအေးစက်
ပြောလိုက်သည်။"ငါ မင်းကို လိုက်ပို့မယ်"
"ကျွန်တော်ပဲ လင်းကျစ်ရှကို လိုက်ပို့ပါ့မယ်"
ချင်းကျယ်က ခြေတစ်လှမ်းတိုးကာ-
"မစ္စတာလော့၊ အလုပ်ရှုပ်ခံစရာမလိုပါဘူး"
"ငါ ကားနဲ့လိုက်ပို့မှာ၊ ဒီပတ်ဝန်းကျင်တစ်ဝိုက်ဆို
တက္ကစီငှားဖို့မလွယ်ဘူး၊ ဒါမှမဟုတ် မင်းက
လင်းကျစ်ရှကို ဘတ်စ်ကားစီးပြီး ပြန်စေချင်တာလား"တစ်ဖက်မှာတော့ ကာယကံရှင်လင်းကျစ်ရှမှာ
နည်းနည်း ကသိကအောက်ဖြစ်လာရသည်။ဒီနှစ်ယောက်က ဘာအကြောင်းကြောင့်
စကားနိုင်လုနေရတာလဲ...ပြီးတော့ ရုတ်တရက်ကြီး ပြန်ဖို့ပြင်နေပြီ။
လင်းကျစ်ရှ တိုးတိုးတိတ်တိတ် မျက်ဆံလည်မိ
သွားပြီး ထိုနှစ်ဦးသာ ဆူဆူညံညံစကားများနေဦးမည်ဆိုလျှင် သူ့လက်နှစ်ဖက် ပုပ်သွားလောက်
သည်ဟု တွေးမိ၏။ချင်းကျယ်က လော့ချင်ကိုလှမ်းကြည့်ကာ
ပြုံးလိုက်သည်။"ဒီလိုဆိုရင်လည်း ဝန်ပိုစေမိပါပြီ"
.
.
.
ကားနောက်ခန်းတွင် အတူထိုင်နေသော
လင်းကျစ်ရှနှင့်ချင်းကျယ်တို့နှစ်ဦးကို လော့ချင်
နောက်ကြည့်မှန်ကတစ်ဆင့် ကြည့်နေမိသည်။သူတို့နှစ်ယောက်ထိုင်တာ နည်းနည်းကပ်နေ
သလိုပဲ....ချင်းကျယ်က လော့ချင်၏အကြည့်ကို ခံစားမိ
သည့်အတိုင်း လင်းကျစ်ရှဘေးသို့ ပိုတိုးလာသည်။မျက်နှာပြောင်တိုက်လိုက်တာ!
ချင်းကျယ်က လင်းကျစ်ရှကို ညင်သာစွာတွန်းပြီး-
"ရှောင်ရှ၊ မင်း ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေချင်တယ်လို့ အစ်ကို့ကို ပြောဖူးတယ်လေ၊ အဲဒါ
အစ်ကို လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကို
ကူမေးပေးမယ်"
YOU ARE READING
ကွာရှင်းပြီးမှ ကိုယ်ဝန်ရ || ဘာသာပြန် [COMPLETED]
RandomTitle ✿ I Was Pregnant After Divorce Original Author ✿ 卷心西瓜 Eng Translator : Renlenox Status : 47 chapters + 3 extras (Completed) @Translated from English to Burmese Start Date - 18.7.2021 End Date - 20.11.2021