Unicode
ည ၇ နာရီ၊ ချွမ်းရှုတွင်။
လင်းကျစ်ရှသည် စားပွဲခုံမှာထိုင်နေရင်း
သူ့အမျိုးသားပြန်အလာကို စောင့်နေမိသည်။ဤစာအုပ်ထဲသို့ သူ့ဝိညာဉ်ကူးပြောင်းပြီးနောက်
၁၅ ရက်မြောက်နေ့ဖြစ်၏။ စစချင်း ထိတ်လန့်
ကြောက်ရွံ့မှုကိုခံစားရသော်လည်း တဖြည်းဖြည်း
ပတ်ဝန်းကျင်အသစ်၊ ဘဝအသစ်မှာ ကျင့်သားရစ
ပြုလာပြီ။မူလကမ္ဘာ၌ လင်းကျစ်ရှက အသက် ၂၀ အရွယ် မိဘမဲ့တစ်ဦးဖြစ်ကာ ကောလိပ်တက်နေဆဲ။ သူက အလုပ်လုပ်ရင်း၊စာလေ့လာရင်း သေလုမတတ်
အလုပ်များခဲ့သည်။ လင်းကျစ်ရှက ချစ်သူ
ရည်းစားမထားဖူး၊ သူငယ်ချင်းကောင်းအချို့သာ
ရှိခဲ့သည်။ သူ့ဘဝက ခက်ခဲပင်ပန်းခဲ့သော်ငြား
လက်ခံနိုင်လောက်သောအနေအထားပင်။ဤကမ္ဘာရှိ(စာအုပ်ထဲတွင်) လင်းကျစ်ရှကလည်း
အသက် ၂၀ အရွယ်၊ မိဘမဲ့ဖြစ်ကာ အထက်တန်း
ကျောင်းမှထွက်လိုက်ပြီး ချောမောကြည့်ကောင်း
သောလူချမ်းသာတစ်ဦးနှင့် လက်ထပ်ထားလေသည်။နှိုင်းယှဉ်ရလျှင် လင်းကျစ်ရှက ဤကမ္ဘာကို
ပိုသဘောကျမိသလို။သူ ဝင်ရောက်သွားသောစာအုပ်၏အမည်မှာ
'ချစ်ခြင်းကြားက ဘဝ'။ မူလကမ္ဘာတုန်းက
လင်းကျစ်ရှ စာအုပ်ဆိုင်တစ်ဆိုင်တွင် အချိန်ပိုင်းအလုပ်လုပ်ခဲ့ဖူးသည်။ ရောင်းအားအကောင်းဆုံး
စာအုပ်များထားရှိသောစင်တွင် ထိုစာအုပ်က
အခန့်သားနေရာယူခဲ့၏။ နာမည်ကြီးစာအုပ်
စာပေများစွာနှင့် အတူတကွထားရလောက်သည်အထိ။ အရောင်အသွေးစုံလင်သော ထိုစာအုပ်
အဖုံးက ဆွဲဆောင်မှုအပြည့်။ လင်းကျစ်ရှ
ကိုယ်တိုင်ပင် သိချင်စိတ်ဖြစ်လာသဖြင့်
စာမျက်နှာအနည်းငယ်လှန်လှောဖတ်ကြည့်ခဲ့ရာ
သိလိုက်ရသည်က..ဝတ္တုနာမည်မှာ မဆိုစလောက်
စာဆန်ဆန်ပေဆန်ဆန်ထင်ရသော်လည်း
အမှန်တော့ ခွေးသွေးဝတ္ထုအမျိုးအစားဖြစ်နေကြောင်းပင်။သူက ဇာတ်ကြောင်းကို ထူးထူးခြားခြား၊ တိတိကျကျမသိသော်လည်း အဓိကဇာတ်လိုက်၏
နာမည်ကိုတော့ မှတ်မိသွားခဲ့သည်။ လော့ချင်။
လက်ရှိ သူ့အမျိုးသားနာမည်လည်း ဟုတ်သည်။
BINABASA MO ANG
ကွာရှင်းပြီးမှ ကိုယ်ဝန်ရ || ဘာသာပြန် [COMPLETED]
RandomTitle ✿ I Was Pregnant After Divorce Original Author ✿ 卷心西瓜 Eng Translator : Renlenox Status : 47 chapters + 3 extras (Completed) @Translated from English to Burmese Start Date - 18.7.2021 End Date - 20.11.2021