Unicode
ချောင်မေ့စကားကြောင့် လင်းကျစ်ရှ ရယ်ချင်
စိတ်ဖြစ်သွားကာ မေးလိုက်သည်။"မင်းတောင် လာနိုင်တာ၊ ငါက ဘာလို့မလာနိုင်
ရမှာလဲ""ဆိုပါတော့~"
ချောင်မေ့ ပြုံးထားဆဲဖြစ်ကာ လေသံက
ချိုသာချွဲပျစ်နေသော်လည်း ခပ်သွယ်သွယ်
မျက်ဝန်းအစုံမှာ ဘာခံစားချက်မှမရှိပေ။"ကြည့်ရတာ အစ်ကိုကျစ်ရှက
ဒီစားသောက်ဆိုင်ရဲ့အဆင့်အတန်းကို
မသိလို့နေမယ်"လင်းကျစ်ရှက ခပ်ဖျော့ဖျော့ပြုံးလိုက်ကာ
မျက်နှာချင်းဆိုင်မှလာနေသော လော့ချင်ကို
ကြည့်သည်။"မင်းမေးခွန်းအတွက် အဖြေကို အခုပဲ
သိရတော့မှာပါ"လော့ချင်က ကလေးကို စိတ်ကြိုက်မှာခိုင်း
ထားပြီး စားသောက်ဖွယ်ရာများ အဆင်သင့်
ဖြစ်နေပေပြီ။ အတော်ကြာအောင် စောင့်နေသော်လည်း လင်းကျစ်ရှက ပြန်မရောက်လာ
သဖြင့် သူ နည်းနည်းစိတ်ပူသွားကာ
ရှောင်အိုက်ကို ဆွေးနွေးကြည့်လိုက်သည်။"ရှောင်အိုက်၊ ဦးဦးတို့ ပါးကိုသွားရှာကြမလား"
စားပွဲပေါ်မှစားစရာများကို ကြည့်ရင်း
လင်းခယ်အိုက် သွားရည်ယိုမိသော်လည်း
အဖေဖြစ်သူက ပိုအရေးကြီးသဖြင့်
လော့ချင်ဆီ လက်ကလေးဆန့်ပေးလိုက်သည်။"ဟုတ်"
လော့ချင် ပြုံးလိုက်ကာ လင်းခယ်အိုက်ကို
ပွေ့ချီရင်း လျှောက်လာစဉ် မလှမ်းမကမ်း
တစ်နေရာမှ လင်းကျစ်ရှကိုတွေ့ရသည်။
နောက်ကျောပေးထားသော မိန်းကလေး
တစ်ဦးလည်းရှိနေ၏။ လော့ချင် မျက်ဝန်းတို့
မှုန်မှိုင်းသွားကာ အနားသို့ အမြန်လျှောက်သွား
လိုက်သည်။"ရှောင်ရှ"
အနောက်မှထွက်ပေါ်လာသော ခေါ်သံတိုးတိုး။
ချောင်မေ့အပြုံးက ချက်ချင်းတောင့်ခဲသွားကာ
တစ်ကိုယ်လုံး တောင့်တင်းစွာ လှည့်ကြည့်
လိုက်ရာ အကွာအဝေးတစ်ခုမှလျှောက်လာ
သော လော့ချင်ကိုမြင်လိုက်ရ၏။လော့ချင်က အလွန်အရပ်ရှည်ကာ
အနက်ရောင် long coat ကို ဝတ်ဆင်ထားပြီး
ခံ့ညားထက်ရှသော အသွင်ဖြစ်သည်။
ပုံမှန်အားဖြင့် အနားမကပ်ရဲလောက်သော
အရှိန်အဝါမျိုးပေးစွမ်းသော်လည်း ယနေ့
မှာတော့...သိုးမွေးထည်ဝတ်ဆင်ထားပြီး
ဝက်ဝံရုပ်ဦးထုပ်ဆောင်းထားသော ကလေး
တစ်ဦးကို လော့ချင်က ထွေးပိုက်လျက်ရှိ၏။
ထိုကောင်ကလေးက အလွန်ချစ်ဖို့ကောင်းကာ
နူးညံ့နေသည်။
YOU ARE READING
ကွာရှင်းပြီးမှ ကိုယ်ဝန်ရ || ဘာသာပြန် [COMPLETED]
RandomTitle ✿ I Was Pregnant After Divorce Original Author ✿ 卷心西瓜 Eng Translator : Renlenox Status : 47 chapters + 3 extras (Completed) @Translated from English to Burmese Start Date - 18.7.2021 End Date - 20.11.2021