Unicode
လင်းကျစ်ရှ ဘာမှမပြောသော်လည်း
ပတ်ဝန်းကျင်မှလူများ၏အကြည့်ကို လော့ချင်
သတိထားမိသဖြင့် လင်းကျစ်ရှနှင့်အတူ
ဝယ်စရာရှိတာကို မြန်မြန်လက်စသတ်ပြီး
မြေအောက်ကားပါကင်သို့ သွားလိုက်သည်။
ကားထဲရောက်တော့မှ လော့ချင်က အကြောင်းစုံ
သိသွားခဲ့၏။ထို Weibo post က နာမည်ကြီး၊ လူပြောများ
နေဆဲပင်။ ကောမန့်အများစုမှာ သူတို့နှစ်ဦးကို လိုက်ဖက်သည်ဟုပြောနေကြသော်လည်း
အဆိုးမြင်သည့်မှတ်ချက်တချို့ကြောင့်
လော့ချင် မျက်မှောင်ကြုတ်မိလေပြီ။လင်းကျစ်ရှက ဆတ်ခနဲလှုပ်ရှားသွားကာ
"ကျွန်တော် ဘာမှမဖြစ်ဘူး၊ အိမ်ပြန်ရအောင်"
လော့ချင်က သူ့ကို တိတ်တဆိတ်ကြည့်နေရင်း
ခပ်တိုးတိုးပြောလိုက်သည်။"မင်း ကိစ္စအားလုံးကို ကိုယ့်ဆီမှာရင်ဖွင့်နိုင်
တယ်လို့ ကိုယ်ပြောပြီးသားမဟုတ်လား"လင်းကျစ်ရှ သက်ပြင်းချရင်း နှုတ်ခမ်းနှစ်လွှာကို
ဖိထားလိုက်၏။"ကိစ္စကြီးကြီးမားမားမဟုတ်ပါဘူး..."
လော့ချင်က လင်းကျစ်ရှခေါင်းကို အသာ
ပွတ်သပ်နှစ်သိမ့်ပြီးနောက် လီမုန့်ဆီ ဖုန်းခေါ်ကာ
ကုမ္ပဏီ၏လူထုဆက်သွယ်ရေးဌာနကို ကြီးကြပ်
ခိုင်းလိုက်သည်။တကယ်တော့ အရင်တစ်ခေါက် ချောင်ရူရွှီနှင့်
သတင်းထွက်တုန်းက လော့ချင် ဂရုမစိုက်ခဲ့ပေ။
သူက လင်းကျစ်ရှ၏ခံစားချက်ကိုပဲ ကြောင့်ကြ
ခဲ့သဖြင့် ရှင်းရှင်းလင်းလင်းဖွင့်ဟပြီးနောက်ပိုင်း
ထိုကောလဟာလကို ထပ်မပျံ့အောင် ထိန်းချုပ်လိုက်ကာ အင်တာဗျူးတချို့မှာ အကြမ်းဖျင်း
ရှင်းပြရုံသာရှိခဲ့လေသည်။ထိုစဉ်က သူ့လူနေမှုဘဝအကြောင်း လူထုကို အသိပေးနေဖို့မလိုအပ်ဟုတွေးခဲ့သော်လည်း
ဒီတစ်ခါအခြေအနေက မတူတော့ပေ။အဘယ်ကြောင့်ဆိုသော် လင်းကျစ်ရှနှင့်
သက်ဆိုင်နေသည်မို့။အမှန်တော့ လော့ချင်က သူ့ဘဝကို အခြားသူတွေ
သုံးသပ်တာနှင့်ပတ်သက်ပြီး သိပ်ဘဝင်မကျ။
သို့ရာတွင် သူတို့လိုလူမျိုးတွေက အများရှေ့မှာ
ဝင်ဆန့်အောင် ပြောဆိုဆက်ဆံရပြီး လော့ချင်
ကိုယ်တိုင်လည်း သူနှင့်မဆိုင်သောလူများ
အကြောင်းကို ဂရုစိုက်မနေ။ လော့ကျန်းရန်က
သူ့ကို လော့မိသားစု၏ဂုဏ်သတင်းထိန်းသိမ်းဖို့
အမြဲပြောခဲ့သဖြင့် မျှော်လင့်မထားသော
အတင်းအဖျင်းများထွက်ပေါ်လာလျှင်တောင်
လော့ချင်က မဖြုံသော်လည်း...
YOU ARE READING
ကွာရှင်းပြီးမှ ကိုယ်ဝန်ရ || ဘာသာပြန် [COMPLETED]
RandomTitle ✿ I Was Pregnant After Divorce Original Author ✿ 卷心西瓜 Eng Translator : Renlenox Status : 47 chapters + 3 extras (Completed) @Translated from English to Burmese Start Date - 18.7.2021 End Date - 20.11.2021