Unicode
လော့ချင်က ချင်းကျယ်၏စကားကြောင့်
စိတ်ရှုပ်သွားခြင်းမရှိဘဲ အနည်းငယ်မျက်မှောင်ကြုတ်ရုံသာ။"မစ္စတာချင်း၊ မိတ်ဆွေတစ်ယောက်အနေနဲ့ဆိုရင်
မင်း သူ့အတွက် ထောက်ထားလွန်းနေပြီ""ကျွန်တော်က သူ့မိတ်ဆွေမို့လို့ ခင်ဗျားလိုလူမျိုး
ဆီမှာ အထိခိုက်မခံစေချင်တာ"ချင်းကျယ်၏အသံက လှိုက်လှဲနေသေးသော်
လည်း မျက်ဝန်းများမှာမူ စူးရှလျက်။"မစ္စတာချင်၊ ရှောင်ရှက တကယ်ရိုးသားတဲ့လူပါ၊
ခင်ဗျား ရှောင်အိုက်ကိုအသုံးချပြီး သူ့အပေါ်
အနိုင်မကျင့်ပါနဲ့"လော့ချင်က လှည့်လာကာ ချင်းကျယ်ကို
ခပ်နက်နက်စိုက်ကြည့်လိုက်ပြီး စကားဆက်မပြောချင်သလိုမျိုး ပန်းခြံထဲမှထွက်ခွာကာ ကားဆီသို့
ပြန်သွားတော့သည်။ဒီနေ့ သူ တစ်စုံတစ်ဦးနှင့်အငြင်းပွားဖို့ လာတာ
မဟုတ်။ချင်းကျယ်က လော့ချင်ကိုကြည့်၍ သုံးသပ်မိသလောက် ထိုသူ လင်းကျစ်ရှထံ ချဉ်းကပ်လာ
သည့်ရည်ရွယ်ချက်က ထင်ရှားနေသဖြင့်
ရန်သူလို သဘောထားပြီးဖြစ်လေ၏။လော့ချင် မျက်ဝန်းများမှိတ်ကာ စိတ်ကို
အနားပေးရင်း ချင်းကျယ်ပြောခဲ့သောစကားလုံး
များက အတွေးထဲ ရုတ်တရက်ထင်ဟပ်လာသည်။သူ ချင်းကျယ်ဆိုသောလူကို သဘောမကျ။
ဆေးရုံတွင် ထိုသူ လင်းကျစ်ရှနှင့်အတူထွက်လာ
ပြီး လင်းခယ်အိုက်ကို ပွေ့ချီထားကတည်းက
သူ့စိတ်ထဲ ဘဝင်မကျခြင်းဖြစ်သည်။လော့ချင် ကားထဲဝင်ထိုင်လိုက်ချိန်မှာပဲ စားသောက်ဆိုင်က ပိတ်သွားပြီ။ ဤအချိန်အတောအတွင်း သူ ဆိုင်ထဲဝင်ပြီး လင်းကျစ်ရှကို
သွားရှာလိုသော်လည်း အလုပ်များနေပုံပေါ်သဖြင့်
သူ တကယ် အနှောင့်အယှက်မပေးချင်တော့။လင်းကျစ်ရှ ဆိုင်တံခါးကိုပိတ်လိုက်ကာ
ရှောင်အိုက်နှင့်အတူ ခြေလှမ်းအနည်းငယ်
လျှောက်ပြီးချိန်မှာပဲ အရှေ့မှာစောင့်နေပုံရသည့်
လော့ချင်ကို တွေ့လိုက်၏။
YOU ARE READING
ကွာရှင်းပြီးမှ ကိုယ်ဝန်ရ || ဘာသာပြန် [COMPLETED]
RandomTitle ✿ I Was Pregnant After Divorce Original Author ✿ 卷心西瓜 Eng Translator : Renlenox Status : 47 chapters + 3 extras (Completed) @Translated from English to Burmese Start Date - 18.7.2021 End Date - 20.11.2021