Unicode
လော့ကျန်းရန် နေမကောင်းဖြစ်နေသည်။
ဗြုန်းစားကြီး နေမကောင်းဖြစ်သည်ဟု
ချီမင်ယွမ်ဆီမှကြားသိရသဖြင့် လင်းကျစ်ရှ
အံ့အားသင့်မိပြီ။လော့မိသားစုမှာ အရှုပ်အထွေးရှိနေသည်ဟု
ကြားရသော်လည်း လော့ချင်ကမူ တည်ငြိမ်ပုံ
ပေါ်ကာ အထူးတလည်တုန်လှုပ်မနေ။တစ်ခုတော့ရှိသည်။ လော့ချင်က အရင်လို
အလုပ်ဆင်းဆင်းချင်း လင်းကျစ်ရှဆီ
တန်းမလာနိုင်ဘဲ ဆေးရုံသို့ အရင်သွားပြီးမှ
လင်းကျစ်ရှတို့ကို လာခေါ်နိုင်သည်။လင်းကျစ်ရှ သိပ်မမေးဖြစ်သလို လော့ချင်
လည်း မပြောခဲ့။ သို့ရာတွင် အမြဲလိုလို
ကျန်းမာရေးကောင်းသည့် လော့ကျန်းရန်က ရုတ်တရက်ကြီး နာမကျန်းဖြစ်သည်မှာ
ထိုသူ့သေဆုံးမှုနှင့် သေချာပေါက်ဆက်စပ်
လိမ့်မည်ဟု လင်းကျစ်ရှ ခံစားမိသည်။သူ အသေးစိတ် မသိထား။ လော့ချင်၏
စကားလုံးများမှ အနည်းငယ်ကြားသိရကာ
မပီဝိုးတဝါးဆိုရုံလောက်သာ။သူ လော့ကျန်းရန်ကို သဘောမကျသည့်
အပြင် ထိုသူနှင့် သဘောထားချင်း
မတိုက်ဆိုင်သော်လည်း လူတိုင်းမှာ ကိုယ်ပိုင်
အားနည်းချက်နှင့် ထုတ်ဖော်မပြောနိုင်သော
လျှို့ဝှက်ချက်ရှိကြောင်း တွေးမိသည့်အခါ
လင်းကျစ်ရှ သက်ပြင်းချရုံမှတစ်ပါး
အခြားမရှိချေ။ယနေ့ လော့ချင် လာတာ ခါတိုင်းထက်
နည်းနည်းနောက်ကျနေ၏။ ည ၈ နာရီတွင်
ဆေးရုံမှထွက်ခွာလာကာ လင်းကျစ်ရှဆီ
ဖုန်းဆက်၊ သတင်းပို့ရသည်။"ကိုယ် နောက်ကျလိမ့်မယ်၊ မင်းနဲ့ရှောင်အိုက်
ဆိုင်မှာစောင့်နေပေး""ခင်ဗျား အလုပ်များနေရင် ကျွန်တော်နဲ့
ရှောင်အိုက် အရင်ပြန်နှင့်လည်း ရပါတယ်၊
ကျွန်တော်တို့ ဒီနေရာမှာ ပြုပြင်မွမ်းမံနေလို့..
ကားမောင်းဖို့ အဆင်ပြေမှာမဟုတ်ဘူး"လင်းကျစ်ရှက ဆိုသည်။
"အိမ်ကိုပဲ တန်းပြန်လိုက်ပါ၊ ကျွန်တော်တို့ကို
လာမခေါ်နဲ့တော့"
YOU ARE READING
ကွာရှင်းပြီးမှ ကိုယ်ဝန်ရ || ဘာသာပြန် [COMPLETED]
RandomTitle ✿ I Was Pregnant After Divorce Original Author ✿ 卷心西瓜 Eng Translator : Renlenox Status : 47 chapters + 3 extras (Completed) @Translated from English to Burmese Start Date - 18.7.2021 End Date - 20.11.2021