Unicode
ဆေးရုံတက်ဖို့ နည်းစဉ်များကို အဆင့်ဆင့်ဆောင်ရွက်နေရင်း လင်းကျစ်ရှသည်
တစ်စုံတစ်ဦးကို မြင်လိုက်ရသဖြင့် အလွန်အမင်း
အံ့အားသင့်သွား၏။ချောင်ရူရွှီ။
လင်းကျစ်ရှ မမြင်ချင်ယောင်ဆောင်မည်
ကြံသော်လည်း ချောင်ရူရွှီက ဖျတ်ခနဲ မျက်လုံး
ဝေ့ကြည့်လာကာ အံ့အားသင့်သလို တစ်ချက်
ဖြစ်သွားပြီးမှ နူးညံ့စွာပြုံးပြသည်။"လင်းကျစ်ရှ...ငါ မင်းကို ဒီနေရာမှာ
တိုက်တိုက်ဆိုင်ဆိုင် လာတွေ့တာပဲ"ချောင်ရူရွှီ၏အသံမှာ နွေဦးလေပြည်လို ညင်သာ
နေသည်။ ခေါင်းငုံ့လိုက်စဉ် လင်းကျစ်ရှ၏
ရင်ခွင်ထဲမှကလေးကိုမြင်ရာ ထိုသူ့အပြုံးက
တောင့်ခဲသွားရသည်။"ဒါက..."
"ကျွန်တော့်ကလေးပါ"
လင်းကျစ်ရှ လွှတ်ခနဲပြောမိပြီးမှ ကိုယ်တိုင်ပင်
မသိလိုက်ပါဘဲ ရှောင်အိုက်၏မျက်နှာလေးကို ရင်ခွင်ထဲ အပ်စေကာ ထိုသူ့အား မမြင်စေချင်
သည့်အလား။"ကလေးက နေမကောင်းဘူး၊ ဆရာဝန်ဆီ
ခေါ်သွားရမှာဆိုတော့ ကျွန်တော်တို့ နောက်မှ
စကားပြောကြတာပေါ့"ချောင်ရူရွှီက တွေးဆဆ ခေါင်းညိတ်သည်။
"ကောင်းပြီလေ၊ မင်း မြန်မြန်သွားသင့်တယ်"
လင်းကျစ်ရှက လွတ်မြောက်ချင်သလိုမျိုး
ထွက်ပြေးလာကာ ကောင်ကလေးကို လူနာဆောင်
ဆီ ပို့ပြီးချိန်အထိ ရင်တဒိန်းဒိန်းခုန်နေဆဲပင်။သူ ဒီနေရာမှာ ချောင်ရူရွှီကို တွေ့လိမ့်မည်ဟု
မထင်ထား။ ကသိကအောက်ဖြစ်စရာကောင်း
လှ၏။လင်းကျစ်ရှ ချောင်ရူရွှီကို ရင်ဆိုင်လိုက်တိုင်း
အပြစ်ရှိသလိုခံစားရသည်။ ချောင်ရူရွှီက သူ့ကို
အမြဲပြုံးပြကာ အလွန်နူးညံ့သော်လည်း
လင်းကျစ်ရှ ကိုယ့်ကိုယ်ကိုယ် သူခိုးသဖွယ်
ထင်မှတ်မိ၏။ သူက ချောင်ရူရွှီနှင့်လော့ချင်ကြား
ချိုမြိန်သည့်အခိုက်အတန့်လေးကို ခိုးယူကာ
အမျိုးမျိုးရှုပ်ထွေးစေခဲ့ခြင်း။ လင်းကျစ်ရှ
ကိုယ်တိုင်လုပ်ခဲ့တာမဟုတ်သော်ငြား ထိုသူ့ကို
မြင်တိုင်း နည်းနည်း တစ်မျိုးခံစားရသည်။
ESTÁS LEYENDO
ကွာရှင်းပြီးမှ ကိုယ်ဝန်ရ || ဘာသာပြန် [COMPLETED]
De TodoTitle ✿ I Was Pregnant After Divorce Original Author ✿ 卷心西瓜 Eng Translator : Renlenox Status : 47 chapters + 3 extras (Completed) @Translated from English to Burmese Start Date - 18.7.2021 End Date - 20.11.2021