Unicode
လော့ချင် ဘရိတ်ဖိနင်းကာ ကားကို လမ်းဘေးမှာ
ကပ်ရပ်လိုက်သည်။ သူ ကားအတွင်းမှ ချက်ချင်း
ထွက်လိုက်ပြီး အခုလေးတင် မြင်လိုက်ရသော
နေရာသို့ လှမ်းကြည့်မိ၏။နောက်ကျောသာမြင်လိုက်ရသော ထိုသူက
လင်းကျစ်ရှဖြစ်မည်။ကလေးတစ်ယောက်ကို ပွေ့ချီထားသေးတယ်?
လော့ချင် ရပ်တန့်သွားရသည်။
ထိုသို့ မလှုပ်မယှက်နေမိသည့်အချိန်ပိုင်းလေး
အတွင်းမှာပဲ သူမြင်လိုက်ရသောလူများက
ပျောက်ကွယ်သွားပေပြီ။လော့ချင် အမြန်လျှောက်သွားသော်လည်း
လင်းကျစ်ရှ၏အရိပ်အယောင်ကိုပင် မမြင်ရ
တော့။ သူ အထင်မှားသလားဟု တွေးမိပြန်၏။လော့ချင်က အနောက်တိုင်းဝတ်စုံတစ်ခုတည်း
ကိုသာ ဝတ်ထားခြင်းဖြစ်သည်။ လင်းကျစ်ရှကို
ရှာဖို့ စိတ်လောနေသဖြင့် သူ ထိုအချက်အား
သတိမမူမိ။ ယခုမှ အတော်အေးလာတာကို
ခံစားရသည်။ သူ ကားရှိရာဆီ ပြန်သွားပြီးနောက်
ဆက်မောင်းဖို့ အလျင်မလိုဘဲ ထိုအစား စီးကရက်
မီးညှိကာ တိတ်တဆိတ်သောက်နေလိုက်သည်။လင်းကျစ်ရှ။ လော့ချင်၏ဘဝထဲသို့ အလွန်ဆိုးရွားသောအနေအထားဖြင့် မရမက
အတင်းဝင်ရောက်ခဲ့သူ။ ကွာရှင်းစာချုပ်ကို
လော့ချင်ဆီ ပစ်ပေးပြီးနောက် ထိုသူသည်
သူ့ဘဝထဲကနေ တကယ်ပျောက်ကွယ်သွားခဲ့၏။အစက လင်းကျစ်ရှ လှည့်စားနေခြင်းဖြစ်မည်ဟု
သူ သံသယဝင်ခဲ့သော်လည်း တစ်ရက်ပြီးတစ်ရက်
ကုန်လွန်လာကာ လင်းကျစ်ရှက အမှန်ပင်
လုံးဝပျောက်ကွယ်သွားခဲ့ရာ လော့ချင်ယုံကြည်
လိုက်ရတော့သည်။ ထိုသူ တကယ်ထွက်သွားခဲ့ပြီ။အမှန်တော့ လော့ချင်လည်း ထိုသူကို သိပ်မလွမ်း။
နှစ်ဦးသား လက်ထပ်ခဲ့သော်လည်း လော့ချင်က
လင်းကျစ်ရှအကြောင်း ဘာမှမသိ။ အစတုန်းက
လင်းကျစ်ရှ သူ့ကို စက်ဆုပ်ဖွယ်နည်းလမ်းဖြင့်
အပိုင်ဖမ်းခဲ့ခြင်း။ ထိုသူအတွက် လော့ချင်၏
ခံစားချက်အားလုံးက မနှစ်မြို့မှုကို အခြေတည်ခဲ့
သည်။ သူ လင်းကျစ်ရှအကြောင်း မသိချင်တာ
မဆန်းပေ။
YOU ARE READING
ကွာရှင်းပြီးမှ ကိုယ်ဝန်ရ || ဘာသာပြန် [COMPLETED]
RandomTitle ✿ I Was Pregnant After Divorce Original Author ✿ 卷心西瓜 Eng Translator : Renlenox Status : 47 chapters + 3 extras (Completed) @Translated from English to Burmese Start Date - 18.7.2021 End Date - 20.11.2021