Unicode
TN/ ဒီအပိုင်းက ဇာတ်ကြောင်းနဲ့မဆိုင်ပါဘူး၊
လင်းကျစ်ရှနဲ့လော့ချင် အတန်းဖော်အဖြစ်
တွေ့ဆုံတဲ့ပုံစံလေးကို မူရင်းစာရေးသူက
သီးသန့်ရေးပေးထားတာပါ။~~~~~~~~~~
နွေလယ်ခေါင် ရွာသည့်မိုးက အမှတ်သင်္ကေတ
တစ်ခုလို။ထုံ့ချန်မြို့၏နံပါတ်(၁) အလယ်တန်းကျောင်း
တွင်မူ နွေရာသီအားလပ်ရက် မစတင်သေး။
ရုတ်တရက် သည်းထန်စွာရွာလာသောမိုးကြောင့်
ကျောင်းသားကျောင်းသူများ အိမ်မပြန်နိုင်သေး။
ယူနီဖောင်းဝတ်ထားသည့် ကျောင်းသားတစ်စုက
ကော်ရစ်ဒါတွင် အုပ်စုဖွဲ့မိုးခိုကာ ပွစိပွစိရေရွတ်
နေကြသည်။ ပူပြင်းလှသောနွေရာသီ၏
အငွေ့အသက်ကိုတော့ လက်ရှိမိုးက တိုက်စားလျက်။နေ့လယ်ပိုင်းနားချိန်က နှစ်နာရီသာ။
မိုးရွာသဖြင့် ထိုအချိန်ကို လျှော့ချရဦးမှာမို့
တကယ်ကို စိတ်အနှောင့်အယှက်ဖြစ်စရာ
ကောင်းနေသည်။အေးတိအေးစက်မျက်နှာထားနှင့်လော့ချင်က
စာသင်ခန်းထဲမှလမ်းလျှောက်ထွက်လာပြီ။
လော့ချင်ပေါ်လာသည်နှင့် မိန်းကလေးများ၏
ပွစိပွစိရေရွတ်သံက တီးတိုးစကားသံအဖြစ် ပြောင်းလဲသွားကာ ချောမော၊ အရပ်ရှည်
သော်လည်း တသီးတသန့်ဆန်သည့်
ထိုဆယ်ကျော်သက်ကောင်လေးကို ခိုးကြည့်
ရင်း ရှက်ရွံ့စိတ်နှင့်အတူ မျက်နှာများမှာ
ပန်းနုရောင်သန်းကုန်ကြသည်။"သခင်လေး!"
လော့ချင် မော့ကြည့်လိုက်ရာ အိမ်တော်ထိန်းက
ထီးအနက်ဆောင်းရင်း သူ့ဆီအပြေးလာနေ၏။
သူ မသိမသာခေါင်းညိတ်ပြကာ အိမ်တော်ထိန်း
ဆီမှ နောက်ထပ်ထီးတစ်လက်ကို ယူဆောင်းပြီး
မိုးသည်းထဲသို့ ခပ်ဖျော့ဖျော့လျှောက်သွား
တော့သည်။လော့ချင်က သူနှင့်ပတ်သက်ပြီး အားကျသံတွေ၊
မနာလိုသံတွေ၊ ဝေဖန်သံတွေ၊ ချီးကျူးသံတွေ
အားလုံးကို မကြားသလိုနေရင်း။မိုးသည်းလွန်းလှသဖြင့် ဒလဟောရွာသွန်း
နေသောမိုးရေများက တစ်လောကလုံးကို
ဖုံးလွှမ်းနေရာ လော့ချင်နားထဲ မိုးသံတဝုန်းဝုန်း
ပြည့်နှက်နေပြီး ရှုပ်ထွေးနေသောခြေသံများကို
မကြားနိုင်တော့။
YOU ARE READING
ကွာရှင်းပြီးမှ ကိုယ်ဝန်ရ || ဘာသာပြန် [COMPLETED]
RandomTitle ✿ I Was Pregnant After Divorce Original Author ✿ 卷心西瓜 Eng Translator : Renlenox Status : 47 chapters + 3 extras (Completed) @Translated from English to Burmese Start Date - 18.7.2021 End Date - 20.11.2021