Unicode
အစည်းအဝေးခန်းထဲတွင်။
ခါတိုင်းလိုပဲ လော့ချင်က ထိပ်ဆုံးမှာထိုင်နေ
သည်။အေးစက်စက်မျက်နှာထား၊ စုကျုံ့နေသော
မျက်ခုံးတို့နှင့်အတူ ရှည်လျားဖြောင့်တန်းသော
ခြေထောက်နှစ်ဖက်ကို ချိတ်ထိုင်နေပြီး
လက်တစ်ဖက်ကို မေးစေ့အောက်မှာ
ခပ်ဖျော့ဖျော့ထောက်ထားသည်။ မျက်ဝန်း
အကြည့်က ရီပို့တင်နေသည့် ရုံးဝန်ထမ်းဆီကို
မကျရောက်ဘဲ ဖုန်းမျက်နှာပြင်အား ခဏခဏ
လှမ်းကြည့်ကာ တစ်စုံတစ်ဦးထံမှပြန်စာကို
စောင့်မျှော်နေသကဲ့သို့။ရုတ်တရက် ဖုန်းမျက်နှာပြင်က ဖျတ်ခနဲ
လင်းလာသည်။လော့ချင် ချက်ချင်းပဲ မတ်မတ်ထိုင်ကာ
စူးစူးစိုက်စိုက်ကြည့်လိုက်သော်လည်း
ကြော်ငြာမက်ဆေ့ခ်ျဖြစ်နေ၏။သူ တိတ်တဆိတ် ဖုန်းပိတ်လိုက်ကာ
မော့မကြည့်ဘဲ၊ အခုလေးတင် သူ့အပြုအမူ
ကြောင့် လှုပ်ရှားမှုရပ်သွားသည့်ဝန်ထမ်းကို
သုန်သုန်မှုန်မှုန်ဆိုလိုက်သည်။"ဆက်ပြော"
ကုန်လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း
သူ လင်းကျစ်ရှထံသို့ မက်ဆေ့ခ်ျအစောင်ရေ
များစွာပို့ထားသော်လည်း လင်းကျစ်ရှက
လုံးဝ စာမပြန်ခဲ့။လော့ချင် ဒီအတွက် လင်းကျစ်ကို အဆိုးမဆို။ အမှန်တော့ သူ့ကို blacklist ထဲ မထည့်ရုံနှင့်
အလွန်ကျေနပ်ပါသည်။ သိချင်နေတာ
တစ်ခုတော့ရှိသည်။ သူ မက်ဆေ့ခ်ျပို့သောအကြောင်းအရာတွေ ပျင်းစရာကောင်းလွန်း
နေလို့ လင်းကျစ်ရှက စိတ်မဝင်စားဘဲ
အာရုံမစိုက်တာများလား။လော့ချင် အိမ်ပြန်ချင်သည်။ လင်းကျစ်ရှကို
တွေ့ချင်သည်။သို့သော် အလုပ်မဖြစ်နိုင်။
လော့ချင် နည်းနည်း စိတ်ဓာတ်ကျနေမိပြီ။
ထိုနေ့က သူ တကယ် စိတ်လိုက်မာန်ပါ
ဝန်ခံခဲ့ခြင်းပင်။လော့ချင် မနေနိုင်ဘဲ သက်ပြင်းချမိသဖြင့် အစည်းအဝေးခန်းတစ်ခုလုံး ရေခဲတမျှ
အေးစက်စွာ ဆိတ်ငြိမ်သွားပြန်သည်။
YOU ARE READING
ကွာရှင်းပြီးမှ ကိုယ်ဝန်ရ || ဘာသာပြန် [COMPLETED]
RandomTitle ✿ I Was Pregnant After Divorce Original Author ✿ 卷心西瓜 Eng Translator : Renlenox Status : 47 chapters + 3 extras (Completed) @Translated from English to Burmese Start Date - 18.7.2021 End Date - 20.11.2021