Unicode
ည ၉ နာရီခွဲတွင် ကော်ဖီဆိုင်ပိတ်သွားပြီ။
ကဖေးမှထွက်လာပြီးနောက်ပိုင်း လော့ချင်က
စားသောက်ဆိုင်လေး၏အပြင်ဘက်တွင်ရပ်နေ
ခဲ့ခြင်းပင်။ ဘေးချင်းကပ် ဟော့ပေါ့ဆိုင်ရှေ့
ထောင်ထားသည့်ဘုတ်ပြားကြီးက လော့ချင်ကို
လူမမြင်ရအောင် အနိုင်နိုင် ကာပေးထားသည်။
ချင်းကျယ်၏ဖွင့်ဟဝန်ခံချက်နှင့် လင်းကျစ်ရှ
ပြောသောအဖြေကို သူ ကြားလိုက်ရ၏။သို့သော် မလွှတ်တင်ခင်ကတည်းက အလိုလို
ဆန်တက်သွားခဲ့သော မီးရှူးမီးပန်းများသဖွယ်။ချင်းကျယ်က ထိုမေးခွန်းကို တမင်သက်သက်
မေးလိုက်ခြင်းဖြစ်၏။လော့ချင် ချင်းကျယ်ကို အေးစက်စက်
စိုက်ကြည့်ရင်း တွေးနေမိသည်။ဒီလူက တကယ် နုံအတာပဲ...
ဖွင့်ဟစကားအားလုံး ငြင်းပယ်ခံရသည့်တိုင်
ချင်းကျယ် ကျေနပ်နေတာ ဘာကြောင့်များလဲ။သို့ရာတွင် ချင်းကျယ်၏နည်းလမ်းက ရိုးနေပြီ
ဖြစ်သော်လည်း အလွန်အသုံးဝင်သွားသည်။
'ဒါက လော့ချင်နဲ့ဘာဆိုင်လို့လဲ'ဟူသော
စကားက သူ့ကို တကယ်အရှိုက်ထိစေသည်။လော့ချင် လက်မခံချင်သော်လည်း
နောက်တစ်ကြိမ် အတည်ပြုသေချာသွားပြီ။လင်းကျစ်ရှက သူ့ကို မကြိုက်ပေ။
ထို့ပြင် သူတို့နှစ်ဦးတွေ့ဆုံချိန်တိုင်းမှာ
လင်းကျစ်ရှ နူးညံ့စွာပြုံးပြသည်က ပြေလည်
ချင်ရုံသက်သက်ဖြစ်ပြီး ကိုယ်ရေးကိုယ်တာ
သဘောမဟုတ်။လော့ချင် စိတ်ဓာတ်ကျသွားရသည်။
သူ့ဘဝသက်တမ်းတစ်လျှောက် တစ်ခါမှ
မကြုံဖူးခဲ့သော စိတ်ဓာတ်ကျသည့်ခံစားချက်
မျိုး။ လော့ချင်က ကောင်းကင်ဘုံ၏သားတော်အလား တင်စားခံရတာဖြစ်သည်။ ကလေး
ဘဝကတည်းက လူအများ၏အာရုံစိုက်ခြင်းကို
လက်ခံရရှိခဲ့သူ။ သူ့ဘဝက လွယ်ကူချောမွေ့မှုအတိ။ စိန်ခေါ်မှုဆိုတာ လော့ချင်အတွက်
မရှိသလောက်ရှားခဲ့သည်။ သူ ချောင်ရူရွှီနှင့်
အတူရှိတုန်းကလည်း ယခုလိုမခံစားခဲ့ရ။
KAMU SEDANG MEMBACA
ကွာရှင်းပြီးမှ ကိုယ်ဝန်ရ || ဘာသာပြန် [COMPLETED]
AcakTitle ✿ I Was Pregnant After Divorce Original Author ✿ 卷心西瓜 Eng Translator : Renlenox Status : 47 chapters + 3 extras (Completed) @Translated from English to Burmese Start Date - 18.7.2021 End Date - 20.11.2021