Unicode
သက်လတ်ပိုင်းလူကြီးက ကြုံးဝါးသည်။
"မင်း အဲ့စကားကို ထပ်ပြောရဲရင် ပြောကြည့်!"
ကောင်လေးက မခန့်သလိုပြုံးကာ ပခုံးတွန့်ပြ
ရာတွင် လင်းကျစ်ရှက အမြန်ကြားဝင်ရပ်
လိုက်ရသည်။"စိတ်လျှော့ကြပါ၊ ဒီထက် အေးအေးဆေးဆေး
ဆွေးနွေးတာပဲ ကောင်းမယ်"ထိုလူက သရော်သည်။
"မင်း ရဲခေါ်မှာကို ငါတို့ကြောက်နေမယ်လို့
ထင်သလား၊ ငါ ပြောလိုက်မယ်..ငါတို့ညီအစ်ကို
တွေက လုပ်စရာမရှိ၊ အားလပ်တုန်းမှာ ဒီဆိုင်ကို
လာထိုင်နိုင်တာ၊ ရဲတွေက နေ့တိုင်းအချိန်တိုင်း
လာနိုင်မှာမို့လား?"ကောင်လေးက လှောင်၏။
"အရှက်မရှိပုံများ"
"မင်း ဘာဇယားတွေ လာရှုပ်နေတာလဲ၊
အေးဆေးနေ...ငါတို့ကို မနှောင့်ယှက်နဲ့""နှစ်တွေကြာခဲ့ပြီ၊ ခင်ဗျားလောက်ဆိုးတဲ့
လူမျိုးကို ကျွန်တော် တစ်ခါမှမမြင်ဖူးဘူး၊
တကယ် အဆန်းပဲ"ကောင်လေးက တစ်ဖက်လူကြီးကိုကြည့်ရင်း-
"တကယ် အရှက်မဲ့တာ"
"ဖာ့ခ်! ဒီမျိုးမစစ်ကောင်ကတော့! မင်း
ရန်ဖြစ်ချင်နေတာလား"လင်းကျစ်ရှက နှစ်ဦးကြား ဟန့်တားကာ
ကောင်လေးကို ပြောလိုက်သည်။"မစ္စတာ..အရင်ပြန်နှင့်လိုက်ပါ၊ ကျေးဇူးလည်း
တင်ပါတယ်၊ ဒါပေမယ့် တကယ်ရန်ဖြစ်ရင်
မင်း ထိခိုက်လိမ့်မယ်""ကျွန်တော်ပြောမယ် မရီး၊ အဲ မဟုတ်သေးဘူး..
သူဌေး၊ တအားသည်းခံနိုင်တာကို သိပေမယ့်
ဒီလူတွေက တမင်သက်သက်လာပြီး နှောင့်ယှက်
နေတာမဟုတ်လား၊ ဟင်းပွဲထဲမှာ ပိုးဟပ်ကို
မမြင်ရဘဲနဲ့ အသားလွတ် တိုင်တန်းနေတယ်၊
ဒီအရွယ်ကြီးရောက်တာတောင် လူလိမ်ဖြစ်နေ
တုန်း..တကယ်ကို အရှက်မရှိတဲ့လူတွေ!"ကောင်လေးက ထိုသုံးဦးကို ဝေ့ကြည့်ပြီး-
"ဒီလူလိမ်တွေက လေထွားနေရုံသာရှိတာ၊
တကယ် ရန်ဖြစ်နိုင်လိမ့်မယ်လို့ မထင်ဘူး၊
ဘယ်သူနိုင်မလဲ ကြည့်ကြသေးတာပေါ့"
YOU ARE READING
ကွာရှင်းပြီးမှ ကိုယ်ဝန်ရ || ဘာသာပြန် [COMPLETED]
RandomTitle ✿ I Was Pregnant After Divorce Original Author ✿ 卷心西瓜 Eng Translator : Renlenox Status : 47 chapters + 3 extras (Completed) @Translated from English to Burmese Start Date - 18.7.2021 End Date - 20.11.2021