Intro

14.8K 877 22
                                    

zawgyi

ကြၽန္ေတာ္တို႔ က်င္လည္ေနထိုင္ေနရတဲ့ ေလာကႀကီးထဲမွာ အုပ္စုသံုးစု ကြဲေနခဲ့တယ္ ။

'Vampire'
သူတို႔အုပ္စုကေတာ့ အသန္မာဆံုးေပါ့ ။
သူတို႔က လ်ွင္ျမန္တယ္ ခြန္အားႀကီးတယ္ စြမ္းအားရွိတယ္ ။
စိတ္ညႇိုဳ႕နိုင္တယ္ ။
လက္တစ္ဖက္တည္းနဲ႔ အရာ၀တၳဳ သက္ရွိသက္မဲ့မ်ားကို လိုသလို ထိန္းခ်ဳပ္နိုင္တယ္ ။

'Werewolf'
သမန္း၀ံပုေလြေတြရဲ႕ ခြန္အားက အတိုင္းဆမဲ့တယ္ ။
အရာရာကို ခြန္အားနဲ႔သာ ေျဖရွင္းေလ့ရွိတယ္ ။
တိုက္ရည္ခိုက္ရည္နဲ႔ စည္းလံုးမႈမွာ သူတို႔ကို ဘယ္သူမွ မယွဥ္နိုင္ဘူး ။

'Human'
လူေတြက အေပ်ာ့ညံ့ဆံုးပဲ ။
သူတို႔ ရွင္သန္ေနထိုင္ရဖို႔အတြက္ ခဲရာခဲဆစ္ ရုန္းကန္ရတယ္ ။
တိုက္ခိုက္ရတယ္ ။ ကာကြယ္ရတယ္ ။
ေသြးဆာတဲ့ Vampireရန္ေတြကို ေၾကာက္ရသလို လႊမ္းမိုးျခယ္လွယ္ခ်င္တဲ့ Werewolfေတြ လက္ေအာက္ကို မေရာက္ေအာင္လည္း သတိအၿမဲကပ္ေနရတယ္ ။

ကြၽန္ေတာ္တို႔ေတြဟာ အေၾကာင္းျပခ်က္အမ်ိဳးမ်ိဳးနဲ႔ တိုက္ပြဲေတြကို ဆင္ႏႊဲခဲ့ရတယ္ ။
အေသအေၾကမ်ားခဲ့တယ္ ။
တစ္ေယာက္ကိုတစ္ေယာက္ မုန္းတီးၾကတဲ့စိတ္နဲ႔ ရွင္သန္လာခဲ့ၾကတယ္ ။

တစ္ေန႔မွာေတာ့ မ်ိဳးႏြယ္စု သံုးစုလံုးရဲ႕ ေခါင္းေဆာင္ေတြက သေဘာတူညီမႈ ရယူၿပီး ၿငိမ္းခ်မ္းေရး စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ၾကတယ္ ။

တစ္ေယာက္ကိုတစ္ေယာက္ ရန္ထပ္မျပဳၾကေတာ့ဘဲ မ်ိဳးႏြယ္စုေတြ ေအးခ်မ္းသာယာစြာ ေနထိုင္ၾကဖို႔အတြက္ ၿငိမ္းခ်မ္းေရးျပယုဂ္အျဖစ္ ေက်ာင္းေတာ္ႀကီးတစ္ခုကို တည္ေဆာက္ခဲ့တယ္ ။

မ်ိဳးႏြယ္စု သံုးစုလံုးက ေနာင္လာေနာင္သားေတြ တက္ေရာက္သင္ၾကားရမယ့္ ထိုေက်ာင္းေတာ္ႀကီးက
'The Royal Academy' ။

ဟုတ္တယ္ ။
ကြၽန္ေတာ္က အဲ့ဒီ့ေက်ာင္းေတာ္မွာ ပညာသင္ၾကားရမယ့္ လူသားမ်ိဳးႏြယ္၀င္ပဲ ။

(Note ~ စိတ္ကူးယဥ္သက္သက္သာ ဖန္တီးထားေသာ fictionေလးမို႔ ဒီficထဲက vampire, werewolf သေဘာသဘာ၀မ်ားက အျခားfictionမ်ားနွင့္ ကြဲလႊဲမႈ ရွိေကာင္းရွိနိုင္ပါတယ္ ။)

unicode

ကျွန်တော်တို့ ကျင်လည်နေထိုင်နေရတဲ့ လောကကြီးထဲမှာ အုပ်စုသုံးစု ကွဲနေခဲ့တယ် ။

'Vampire'
သူတို့အုပ်စုကတော့ အသန်မာဆုံးပေါ့ ။
သူတို့က လျှင်မြန်တယ် ခွန်အားကြီးတယ် စွမ်းအားရှိတယ် ။
စိတ်ညှို့နိုင်တယ် ။
လက်တစ်ဖက်တည်းနဲ့ အရာဝတ္ထု သက်ရှိသက်မဲ့များကို လိုသလို ထိန်းချုပ်နိုင်တယ် ။

'Werewolf'
သမန်းဝံပုလွေတွေရဲ့ ခွန်အားက အတိုင်းဆမဲ့တယ် ။
အရာရာကို ခွန်အားနဲ့သာ ဖြေရှင်းလေ့ရှိတယ် ။
တိုက်ရည်ခိုက်ရည်နဲ့ စည်းလုံးမှုမှာ သူတို့ကို ဘယ်သူမှ မယှဉ်နိုင်ဘူး ။

'Human'
လူတွေက အပျော့ညံ့ဆုံးပဲ ။
သူတို့ ရှင်သန်နေထိုင်ရဖို့အတွက် ခဲရာခဲဆစ် ရုန်းကန်ရတယ် ။
တိုက်ခိုက်ရတယ် ။ ကာကွယ်ရတယ် ။
သွေးဆာတဲ့ Vampireရန်တွေကို ကြောက်ရသလို လွှမ်းမိုးခြယ်လှယ်ချင်တဲ့ Werewolfတွေ လက်အောက်ကို မရောက်အောင်လည်း သတိအမြဲကပ်နေရတယ် ။

ကျွန်တော်တို့တွေဟာ အကြောင်းပြချက်အမျိုးမျိုးနဲ့ တိုက်ပွဲတွေကို ဆင်နွှဲခဲ့ရတယ် ။
အသေအကြေများခဲ့တယ် ။
တစ်ယောက်ကိုတစ်ယောက် မုန်းတီးကြတဲ့စိတ်နဲ့ ရှင်သန်လာခဲ့ကြတယ် ။

တစ်နေ့မှာတော့ မျိုးနွယ်စု သုံးစုလုံးရဲ့ ခေါင်းဆောင်တွေက သဘောတူညီမှု ရယူပြီး ငြိမ်းချမ်းရေး စာချုပ်ချုပ်ဆိုခဲ့ကြတယ် ။

တစ်ယောက်ကိုတစ်ယောက် ရန်ထပ်မပြုကြတော့ဘဲ မျိုးနွယ်စုတွေ အေးချမ်းသာယာစွာ နေထိုင်ကြဖို့အတွက် ငြိမ်းချမ်းရေးပြယုဂ်အဖြစ် ကျောင်းတော်ကြီးတစ်ခုကို တည်ဆောက်ခဲ့တယ် ။

မျိုးနွယ်စု သုံးစုလုံးက နောင်လာနောင်သားတွေ တက်ရောက်သင်ကြားရမယ့် ထိုကျောင်းတော်ကြီးက
'The Royal Academy' ။

ဟုတ်တယ် ။
ကျွန်တော်က အဲ့ဒီ့ကျောင်းတော်မှာ ပညာသင်ကြားရမယ့် လူသားမျိုးနွယ်ဝင်ပဲ ။

(Note ~ စိတ်ကူးယဉ်သက်သက်သာ ဖန်တီးထားသော fictionလေးမို့ ဒီficထဲက vampire, werewolf သဘောသဘာဝများက အခြားfictionများနှင့် ကွဲလွှဲမှု ရှိကောင်းရှိနိုင်ပါတယ် ။)

The Royal Academy (Complete)Where stories live. Discover now