zawgyi
မျက်တောင်ရှည်ရှည်စင်းစင်းများနှင့် မျက်ဝန်းသေတို့က Jungkookဘက် ခေတ္တသာကြည့်ပြီး ဂရုမစိုက်သလို မျက်နှာပြန်လွှဲသွားခဲ့လျှင် သူ နှုတ်ခမ်းထက် ခပ်ရေးရေး အပြုံးထင်သွားရသည် ။
" ကျောင်းသားများ အလံတိုင်အရှေ့မှာ လူစုပေးကြပါ.. "
အဆက်မပြတ် ထွက်နေသည့် ကြေညာသံကြောင့် ခဏအကြာ အလံတိုင်အရှေ့မှာ ကျောင်းသားအကုန်လုံး လူစုံညီနေခဲ့ပြီ ။
" မင်းတို့အနေနဲ့ ဒီကျောင်းတော်ကြီးမှာ ပညာမသင်ကြားခင် မင်းတို့ သိပြီးလောက်ပြီ ဖြစ်ပေမယ့် ငါတို့ သတ်မှတ်ထားတဲ့ စည်းကမ်းချက်များကို ထပ်ပြောပြချင်ပါတယ်.. "
အနက်ရောင် ၀တ်စုံပြည့်ကို ၀တ်ဆင်ထားသည့် လူတစ်ဦးက မိုက်ကိုင်လျက် အလံတိုင်အရှေ့က စင်အပေါ်မှာ မိန့်ခွန်းပြောကြားနေသည် ။
သူ့အနောက်ပါးမှာလည်း ဆရာ၊ဆရာမများ ဖြစ်ဟန်တူသော သူများက တန်းစီလျက် ရပ်နေကြသည် ။
" ဒီကျောင်းတော်ကြီးက မျိုးနွယ်စုသုံးစုရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်တဲ့ ပြယုဂ်ဖြစ်လို့ ကျောင်းသားအကုန်လုံးက တစ်သားတည်း ဖြစ်ရပါမယ်.. ကျောင်းတွင်းမှာ မင်းတို့ရဲ့ သဘာလွန် စွမ်းရည်တွေကို သုံးခွင့်မရှိဘူး.. ရန်ပွဲ ဖြစ်ခွင့်မရှိဘူး.. စည်းကမ်းချက်က လွယ်ကူရိုးရှင်းလို့ မင်းတို့ အကုန်လုံး လိုက်နာနိုင်မယ်လို့ မျှော်လင့်ပါတယ်.. ကျောင်းသားများ တစ်ယောက်ကိုတစ်ယောက် ချစ်ချစ်ခင်ခင် ရိုင်းပင်ကူညီပြီး ဒီစာသင်နှစ်ကို ကောင်းကောင်းမွန်မွန် ဖြတ်ကျော်ပေးကြပါ... "
ထိုသူ့စကားကို မှင်သေသေဖြင့်သာ နားထောင်နေကြသော ကျောင်းသားများအလယ် Jungkookကတော့ မျက်ဝန်းသေနှင့် လူသားအလှလေးကိုသာ အာရုံစိုက်နေမိရင်း နှုတ်ခမ်းထောင့်စွန်းတို့က အလိုကျသလို ကွေးညွှတ်သွားခဲ့သည် ။
.
.
." ငါတို့ရဲ့ စွမ်းရည်တွေကို ထုတ်သုံးခွင့်မရှိဘူးတဲ့.. တခြားဟာထားပါ.. ငါတို့ရဲ့ အာရုံစူးစိုက်နိုင်စွမ်းကိုတော့ သူတို့ တားမြစ်လို့မရဘူးလေ.. ငါ နားထဲမှာ တစ်ကျောင်းလုံးက စကားပြောသံတွေကို အလိုလို ကြားနေရတယ်.. အာ.. တော်တော် နားညည်းဖို့ကောင်းတဲ့ werewolfနဲ့ လူသားတွေ.. "
YOU ARE READING
The Royal Academy (Complete)
FanfictionKim Namjoon, Kim Soekjin, Min Yoongi, Jung Hosoek, Park Jimin, Kim Taehyung & Jeon Jungkook Taekook Vampire, Werewolf, Human Both zawgyi & unicode Taekook makes me happy.