Part ~3

4.8K 749 17
                                    

zawgyi

" မင်း ဘယ်ကနေ ပြန်လာတာလဲ Jungkook.. "

ကျောင်းဝတ်စုံနှင့်သာ သူတို့နေထိုင်သည့် အဆောက်အဦးဆီ ပြန်ရောက်လာခဲ့သော Jungkookကို အ၀တ်အစားလဲနှင့်နေပြီးဖြစ်သော Jinက မေးခွန်းထုတ်လာသည် ။

" ဒီအတိုင်းပဲ.. စိတ်ဝင်စားစရာလေးတွေနောက် လိုက်ကြည့်နေတာ.. "

" စိတ်ဝင်စားစရာဆိုမှ ငါတို့အတန်းက လူသားလေးကိုတောင် သတိရသွားပြီ... "

စကားဝိုင်းထဲ ၀င်လာသော Jiminကြောင့် Jinက မျက်ခုံးပင့်သွားလျက် စပ်စုသည် ။

" ဘာလဲ.. သူ့သွေးက အရမ်းချိုလို့လား??.. "

" သူ့သွေး ချိုမချိုတော့ မသိဘူး.. လှတာတော့ တော်တော့်ကို လှတယ်.. "

" လှတယ်??... မိန်းကလေးလား.. "

" No.. ငါတို့လို ယောက်ျားလေးပဲ... "

" ၀ိုး... လူသားတွေကို အကောင်းမမြင်တတ်တဲ့ Jiminဆီကနေတောင် ဒီလို စကားကြားရပုံထောက် အဲ့လူသားကို ငါတောင် တွေ့ဖူးချင်လာပြီ.. "

" ငါ အ၀တ်အစား သွားလဲဦးမယ်... "

Jungkookက သူတို့စကားဝိုင်းကို အရေးမစိုက်ဟန်နှင့် သူ့အခန်းရှိရာ အပေါ်ထပ်သို့ တက်သွားသည် ။

" Jungkookက ဘယ်နားသွားတာလို့ မင်းထင်လဲ Jimin... "

" ထုံးစံအတိုင်း သစ်ပင်ပေါ် သွားထိုင်ပြီး ရှုခင်းတွေ ကြည့်နေတာ နေမှာပေါ့.. "

" ငါတော့ နားမလည်ဘူး.. ရှုခင်းတွေ ကြည့်ရတာ ကောင်းလို့လား.. "

" ငါလည်း မခံစားတတ်ဘူး... "

Jiminက ပခုံးတွန့်ပြလျက်ဆိုပြီး ပတ်ဝန်းကျင်ကို ဝေ့၀ဲကြည့်လိုက်သည် ။

" Yoongiကရော.. "

" ထုံးစံအတိုင်း ချောင်တစ်နေရာရာမှာ အိပ်နေတာ နေမှာပေါ့.. "

" အင်း.. အဲ့ဒါပဲ ရှိမှာ.. "

" သောက်မလား.. "

" တော်ပါပြီ.. မင်းပဲသောက်... "

အချိန်ပြည့် အနီရောင်အထုပ်လေးကို ပိုက်နှင့် စုပ်သောက်နေသော Jinက သူ့အရှေ့ အထုပ်သစ်လေး ကမ်းပေးလာလျှင် Jimin ခေါင်းယမ်း ငြင်းဆန်လိုက်သည် ။

The Royal Academy (Complete)Where stories live. Discover now