zawgyi
ချိုမြလှသည့် သွေးအနံ့ကြောင့် Jungkook ၀မ်းဗိုက်က တကြုတ်ကြုတ်မြည်လာလျက် ထိုအရသာကို ဆာလောင်မွတ်သိပ်စွာဖြင့် အလွန်အမင်း တောင့်တလာသည် ။
သောက်ချင်တယ်.. သူ အဲ့ဒီ့ အရသာရှိလှတဲ့ သွေးကို သောက်ချင်တယ်.. ။
သွေးနံ့ရှိရာဆီသို့ သူ တရွေ့ရွေ့ချဉ်းကပ်မိသွားလျက် သူ့မျက်ဆံက နီညိုရောင်ပြောင်းသွားကာ နှုတ်ခမ်းသားထဲမှလည်း အစွယ်နှစ်ဖက်က ချွန်မြစွာ ရုန်းထွက်လာသည် ။
သူ့ထံ တိုးကပ်လာသော Jungkookကြောင့် Taehyungကြံရာမရာစွာ မျက်ဆံအိမ်တို့က အနည်းငယ် လှုပ်ခတ်သွားရသည် ။
သူ့ ကျောင်းအင်္ကျီအတွင်းအိတ်ကပ်ထဲမှာ ဆောင်ထားသော ငွေရောင်ဓားလေးကို ဆုပ်ကိုင်လိုက်ပေမယ့် လည်ပင်းက ဒဏ်ရာကြောင့် သူ ဘာမှမတတ်စွမ်းသာ ။
Jungkookသာ သူ့သွေးကို သောက်သုံးမည်ဆို သူ လည်စင်းပေးရုံသာ တတ်နိုင်တော့သည်မို့ Taehyung မျက်ဝန်းတို့ကို စုံမှိတ်ထားမိလိုက်သည် ။
နောက်ဆုံးတော့ သူ့ဘ၀ကလည်း ဒီလောကကြီးထဲမှာ ဒီလိုနည်းနဲ့ပဲ အဆုံးသတ်သွားရတော့မှာပဲ ။
Jungkook အမြင်အာရုံများက ဝေဝါးကာ နှစ်ထပ်သုံးထပ် ဖြစ်နေလျက် သူ့စိတ်ထဲ လွှမ်းမိုးထားတဲ့အသိက တစ်ခုတည်း ။
သူ သွေးသောက်ချင်တယ် ။
ချိုမြလှတဲ့ သွေးအရသာကို အရူးအမူး တောင့်တနေသည့် စိတ်တို့ကြောင့် သူ့အရှေ့က သွေးနံ့လာရာ ခန္ဓာကိုယ်ငယ်၏ ပခုံးနှစ်ဖက်အား ဆုပ်ကိုင်လိုက်လျှင် နွေးထွေးမှုကို ခံစားလိုက်ရသည် ။သူ တဖြည်းဖြည်း လည်ပင်းသားရှိရာဆီ ခေါင်းငိုက်သွားရလျှင် ကြောက်ရွံ့မှုကြောင့်လား စိတ်လှုပ်ရှားမှုကြောင့်လားမသိ ပြင်းထန်စွာ ခုန်ပေါက်နေသည့် နှလုံးခုန်နှုန်းကို သတိပြုမိလိုက်သောအခါ သူ အသိစိတ်ခပ်ယဲ့ယဲ့ ပြန်ကပ်လာသည် ။
မျက်ဝန်းတို့ကို စုံမှိတ်ထား၍ မျက်တောင်ရှည်ရှည်စင်းစင်းများကို သူ အကြည့်ရောက်လျှင် အလန့်တကြားဖြင့် ဖယ်ခွာလိုက်ကာ လူသားအလှလေးနှင့်ဝေးရာ နံရံထောင့်သို့ ပြေးကပ်ပြီး နှာခေါင်းတို့ကို ပိတ်မိလိုက်သည် ။
YOU ARE READING
The Royal Academy (Complete)
FanfictionKim Namjoon, Kim Soekjin, Min Yoongi, Jung Hosoek, Park Jimin, Kim Taehyung & Jeon Jungkook Taekook Vampire, Werewolf, Human Both zawgyi & unicode Taekook makes me happy.