zawgyi
အိပ်ခန်းထဲက ကုတင်ထက်တွင် ထိုင်နေသော Taehyung ။
သူ့လက်ထဲတွင်တော့ ငွေရောင်ဓားလေးက ရှိနေလျက် ဓားသွေးကျောက်ဖြင့် သွေးနေမိသည့် သူ့လက်တို့က အားမပါလှစွာ ။Jungkookက တကယ် ငွေရောင်ဓားကို အသုံးချချင်နေတာလား ။
ဘာလို့လဲ??..
ထာဝရရှင်သန်သူ ဖြစ်ရတာက ကောင်းတယ်မဟုတ်ဘူးလား ။သွေးထားသည့် ငွေရောင်ဓားက ချွန်မြသွားပြီမို့ Taehyung စာကြည့်စားပွဲ အံဆွဲကို ဆွဲဖွင့်လိုက်လျှင် '၁၀လက်'မက ရှိနေသော ငွေရောင်ဓားများက စီစီရီရီ ။
ဒီဓားတွေထဲက တစ်လက်ကို Jungkookအား လွယ်လင့်တကူ ပေးလိုက်နိုင်ပါသော်လည်း သူ့စိတ်က ဘာကိုလွန်ဆွဲနေမိမှန်းမသိ ။
သူ အံဆွဲကိုပြန်ပိတ်လိုက်ပြီး သွေးထားသည့် တစ်လက်ကိုတော့ အဖုံးပိတ်ရင်း ခါးကြားထဲမှာ ထိုးထည့်ထားလိုက်သည် ။
ည၁၂နာရီထိုးရန် ၅မိနစ်လောက်အလိုတွင် အိမ်အပြင်ထက်က ထောင်ထားသည့် လှေကားမှတဆင့် ခေါင်မိုးထပ်ဆီ တက်ခဲ့သော Taehyung ။
သူ လက်ကိုခေါင်းအုံးလိုက်ကာ ပက်လက်လှန်လျက် အနေအထားဖြင့် လှဲလျောင်းလိုက်ရင်း ကောင်းကင်ထက်က ကြယ်ရောင်တလက်လက် တောက်ပနေသည့် ရင်သပ်ရှုမောဖွယ်ရာ သဘာဝအလှတရားအား ရှုစားမိသည် ။
ဒီလို အလှတရားကို သိအောင် လုပ်ပေးခဲ့တဲ့ Jungkookကို သူ ကျေးဇူးတင်သည် ။
မဟုတ်ရင် Taehyung သဘာဝအလှတရားဆိုသည့် အရာကို ထိတွေ့ဖူးမည်မဟုတ်သလို စိတ်အေးချမ်းမှုကိုလည်း ရှာတွေ့နိုင်မည် မဟုတ်ပေ ။Jungkookက ဘာလို့ ငွေရောင်ဓားကို အသုံးချချင်ရတာလဲ ။
ငွေရောင်ဓားရဲ့ အဆိပ်အတောက်က Vampireတစ်ယောက် မသေခင်ကို ဝေဒနာ တနင့်တပိုး ခံစားရသည်ဟု Taehyung စာထဲတွင် ဖတ်ဖူးသည် ။သူ ခါးကြားထဲထိုးထားသည့် ငွေရောင်ဓားလေးအား လက်နှင့် အသာထိတွေ့မိရင်း ။
ငါ မင်းကို ငွေရောင်ဓား မပေးချင်ဘူး Jungkook ။
.
.
." Jungkook မင်းရဲ့အသက်က ဘယ်လောက်လဲ... "
စာအုပ်များ တပွေ့တပိုက်နှင့် စာအုပ်ထပ်ရန် ကျောင်းရုံးခန်းဆီသို့ အတူယှဉ်တွဲ သွားနေသည့်လမ်း၌ Taehyung၏အမေးကြောင့် Jungkookက ခေါင်းလေးစောင်းငဲ့ကာ စဉ်းစားဟန်ပြုသည် ။
YOU ARE READING
The Royal Academy (Complete)
FanfictionKim Namjoon, Kim Soekjin, Min Yoongi, Jung Hosoek, Park Jimin, Kim Taehyung & Jeon Jungkook Taekook Vampire, Werewolf, Human Both zawgyi & unicode Taekook makes me happy.