zawgyi
Jungkookတစ်ယောက် Taehyungကို စိုးရိမ်စိတ်က ကြီးစိုးလာသောကြောင့် တာဝန်ချိန်မှ ထွက်လာခဲ့ကာ Taehyung၏အိမ်ဆီသို့ လေအလျှင်နှုန်းဖြင့် ရောက်လာခဲ့လျှင် တိတ်ဆိတ်နေသော အိမ်အတွင်းကြောင့် မျက်မှောင်ကြုတ်သွားရသည် ။
ဘာအသံဆို ဘာအသံမှ မကြားရတာ ။
" Taehyung!!... "
သူ တံခါးအား တွန်းတိုက်ဖွင့်ဝင်ကာ Taehyungကို အသည်းအသန် လိုက်ရှာမိသည် ။
ကုတင်ထက်မှာလည်းမရှိ၊ ရေချိုးခန်းထဲမှာလည်းမရှိ၊ မီးဖိုခန်းထဲ၌လည်း မရှိသောအခါ သူ စိုးရိမ်စိတ်တို့က အဆမတန် ဖြစ်တည်လာသည် ။
" Taehyung!!... Taehyung!!... Taehyung!!... "
အသံပြာလုမတတ် အော်ခေါ်နေသော်လည်း အချည်းနှီးဆိုတာ သူ သိသည် ။
Vampireတစ်ယောက်၏ အာရုံခံနိုင်စွမ်းအရ Taehyungက သူ့ပတ်ဝန်းကျင်မှာ မရှိနေဘူး ။သို့သော် Jungkook ဆောက်တည်ရာမရစွာ အော်ခေါ်နေမိဆဲ ။
" Taehyung!!... Taehyung!!... Taehyung!!.. "
Taehyung.. မရှိတော့ဘူး ။
Taehyung.. သူ့အနားမှာ မရှိတော့ဘူး ။သူ သွေးပျက်ခြောက်ချားသွားရကာ မျက်ရည်စတို့ ဝေ့သီလာလျှင် ပါးပြင်ထက် မကျအောင်တော့ ထိန်းချုပ်လိုက်သည် ။
Taehyungက သူ့ကို မငိုဖို့ ပြောထားတယ် ။
Taehyungကို ပြန်ရှာမယ်!.. ငါ.. Taehyungကို ပြန်ရှာရမယ်..။
Jungkook အိမ်ထဲမှပြေးထွက်ခဲ့ကာ Vampireစွမ်းရည်ဖြင့် တစ်နေရာမှ တစ်နေရာကို လေအလျှင်နှုန်းဖြင့် ကူးပြောင်းကာ ရှာဖွေမိသော်လည်း မခံစားရသော Taehyung၏နှလုံးခုန်သံနှင့် အငွေ့အသက် ။
သူ အချိန်တစ်ခုကြာတော့ တုန်လှုပ်လာစ ပြုလာကာ ရောက်သည့်နေရာမှာပင် ငုတ်တုတ်လေး ထိုင်ချမိလိုက်သည် ။
မတွေ့ဘူး.. ။ Taehyungကို မတွေ့တော့ဘူး..။
ကျလုဆဲဆဲ မျက်ရည်များကို တင်းခံထားသောကြောင့် သူ့နားရွက်ဖျားနှင့် နှာတံထိပ်လေးက နီရဲနေသည် ။
" Jungkook??.. မင်း ဒီမှာ ဘာလုပ်နေတာလဲ.. "
သူ့အနားသို့ ရောက်ရှိလာသော Min Yoongi ။
YOU ARE READING
The Royal Academy (Complete)
FanfictionKim Namjoon, Kim Soekjin, Min Yoongi, Jung Hosoek, Park Jimin, Kim Taehyung & Jeon Jungkook Taekook Vampire, Werewolf, Human Both zawgyi & unicode Taekook makes me happy.