Part ~ 8

4.1K 696 25
                                    

zawgyi

" လာ.. Jungkook.. အထဲဝင်.. "

သစ်ပင်ကြီးထက်ဆီမှာသာ ကျောက်ချခဲ့ဖူးသော Jungkookအတွက် လူသားအလှလေး၏ အိမ်တွင်းကိုဝင်လိုက်လျှင် နွေးထွေးမှုကို ခံစားလိုက်ရသည် ။

လူသားအလှလေး၏ နေထိုင်ရာအိမ်ဖြစ်သောကြောင့် နွေးထွေးသည့် လူသားအငွေ့အသက်များနှင့် ပြည့်နှက်နေသည်မှာ မဆန်းကျယ် ။
Jungkookတို့ Vampireလေးယောက် အခြေချရာ အိမ်ကြီးကတော့ ခြေတစ်လှမ်းချလိုက်သည်နှင့် အေးဓာတ်က အကျောထဲ စိမ့်ဝင်လာတာ ။

" ငါ့အိမ်မှာက ထူးထူးခြားခြားတော့ ဘာမှ မရှိဘူး.. ဒါပေမယ့်.. သူငယ်ချင်း ဆိုတာမျိုးက တစ်ယောက်အိမ် တစ်ယောက် လိုက်လည်ကြလေ့ ရှိတယ်မလား.. "

" ဟုတ်လား.. ငါတော့ မသိဘူး.. "

" အင်း.. မင်းကို ဧည့်ခံရအောင်ကလည်း.. မင်းတို့က သွေးတစ်မျိုးပဲ သောက်တာမလား.. "

" တခြားအရာတွေက ငါတို့ ပါးစပ်ထဲမှာ အရသာမရှိသလို ခွန်အားလည်း မဖြစ်တာမို့ မစားကြတာပါ.. ငါတို့က မင်းတို့လူသား စားတဲ့အရာတွေလည်း စားလို့ရပါတယ်.. "

" ဒါဆို... မင်း ငါနဲ့ ညစာ အတူတူစားကြည့်ချင်လား.. "

လူသားအလှလေး၏ ကမ်းလမ်းချက်ကြောင့် Jungkook အံ့အားသင့်သွားရင်းမှ ခေါင်းကို တရစပ် ညိတ်ပြမိလိုက်သည် ။
လူသားအလှလေးနဲ့ ထမင်းစားပွဲဝိုင်းမှာ မျက်နှာချင်းဆိုင် ထိုင်ကြည့်ချင်တာက အာသီပြင်းပြနေတဲ့ သူ့ရဲ့ဆန္ဒတစ်စိတ်တစ်ပိုင်းပဲလေ ။

" ခဏစောင့်.. ငါ ထမင်းပြင်လိုက်ဦးမယ်.. မင်း အိမ်ထဲလိုက်ကြည့်ချင်လည်း ရတယ်.. ထူးထူးခြားခြား ဘာမှတော့ မရှိပေမယ့်ပေါ့.. "

အိမ်တွင်းအပြင်အဆင်ကို မျက်လုံးအ၀ိုင်းသားလေးဖြင့် စူးစမ်းနေသော Jungkookကြောင့် Taehyung သူ့ကို ဧည့်ခန်းထဲမှာ ထားခဲ့ကာ သူကတော့ မီးဖိုခန်းထဲမှာ ညစာအတွက် ပြင်ဆင်ရန် ပြုလုပ်လိုက်သည် ။

တစ်ထပ်အိမ်လေးက အုတ်နံသားများ ဟောင်းနွမ်းနေပေမယ့် ပစ္စည်းပစ္စယများ စနစ်တကျ ထားရှိထားလျက် သန့်ရှင်းသပ်ရပ်သည် ။

The Royal Academy (Complete)Where stories live. Discover now