zawgyi
ကျောင်းဆေးခန်း၌ လှဲလျောင်းမှေးစက်နေသော Minhoက ကျောင်းဆရာဝန်၏ ကုသပေးမှုကြောင့် အတော်အတန်တော့ သက်သာသွားပုံရသည် ။
" သူ့ကို အကိုက်အခဲပျောက်ဆေး ထိုးပေးထားတယ်.. ဒါနဲ့.. သူ ဘာဖြစ်လာတာလဲ.. "
ဂျူတီကုတ် အဖြူရောင်လေး ၀တ်ဆင်ထားသည့် ကျောင်းဆရာဝန်က Taehyungတို့ထက် အလွန်ဆုံးကြီးလှ ၄နှစ်၅နှစ်ဟန်ဖြင့်သာ နုပျိုလတ်ဆတ်နေသည် ။
သူ့ရဲ့ Name tagလေး၌တော့ 'Park Bogum'ဟု ရေးထွင်းထားသည် ။" ကျောင်းတွင်း အကြမ်းဖက်ခံရတာ.. "
Taehyung၏ အေးတိအေးစက်အပြောကို ကျောင်းဆရာဝန်က အနည်းငယ် အံ့အားသင့်သလို မျက်ခုံးပင့်သွားသော်လည်း ဟန်လုပ်ယူခြင်းထားသာ ။
ဒဏ်ရာတွေကို တွေ့သည်နှင့် တစ်စုံတစ်ယောက်က ရိုက်နှက်ထားမှန်း သိသာနေတာပဲလေ ။" ဒါဆို မင်းတို့ ဘယ်လိုလုပ်ဖို့ စဉ်းစားထားလဲ... "
Taehyungအနောက်ပါးထံ၌ ရပ်နေသော Jungkookကိုပါ ကျောင်းဆရာဝန်က မျက်လုံးဝေ့၀ဲကြည့်ရင်း ဆိုလိုက်လျှင် Taehyung လက်သီးကျစ်ကျစ် ဆုပ်ထားမိသွားရင်းမှ ~
" ရုံးခန်းမှာ တိုင်မယ်... ဆရာက ကျွန်တော့်ကို သူ့ရဲ့ ဆေးစာရေးပေးပါ.."
" ကောင်းပြီလေ... "
ကျောင်းဆရာဝန်ထံမှ Minho၏ဒဏ်ရာ အခြေအနေ အတည်ပြုလက်မှတ်ထိုးပေးသော ဆေးစာကိုရလျှင် Taehyung ခြေလမ်းတွေက ကျောင်းရုံးခန်းကို ဦးတည်လိုက်သလို Jungkookကလည်း ထပ်ကြပ်မကွာ လိုက်လာသည် ။
.
.
." မင်းတို့ ပြောတဲ့ ကျောင်းတွင်း အနိုင်ကျင့်မှုက အတည်ဆိုရင် ငါတို့ အခုပဲ စုံစမ်းစစ်ဆေးပြီး အပြစ်ပေးမယ်... "
ရုံးခန်းမှာ Taehyung တိုင်ကြားပြီး ခဏကြာလျှင် Minhoကို အကြမ်းဖက် အနိုင်ကျင့်သော Werewolfကျောင်းသား အုပ်စုအဖွဲ့က ရုံးခန်းထဲ ရောက်လာသည် ။
" မင်းတို့ ကျောင်းသားအချင်းချင်းကို အနိုင်ကျင့်ခဲ့တယ်ဆိုတာ အမှန်လား.. "
" ဆရာ ပြောတာကို ကျွန်တော်တို့ နားမလည်ဘူး.. "
" မင်းတို့က Choi Minhoဆိုတဲ့ ကျောင်းသားကို အနိုင်ကျင့်တယ်လို့ ဒီကျောင်းသားတွေက လာတိုင်ကြားတယ်.. နစ်နာသူကျောင်းသားရဲ့ အခြေအနေအရလည်း အကြမ်းဖက် အနိုင်ကျင့်ခံရတာဖြစ်ကြောင်း ဆရာဝန်ရဲ့ ဆေးစာလည်းရှိတယ်.. "
YOU ARE READING
The Royal Academy (Complete)
FanfictionKim Namjoon, Kim Soekjin, Min Yoongi, Jung Hosoek, Park Jimin, Kim Taehyung & Jeon Jungkook Taekook Vampire, Werewolf, Human Both zawgyi & unicode Taekook makes me happy.