Part ~ 11

3.9K 677 30
                                    

zawgyi

" မင်း ဘာကို ကြောက်လို့လဲ Taehyung.. ရင်ခုန်သံက မြန်နေတယ်ရော.. "

ပတ်ဝန်းကျင်ကို ကျီးကန်းတောက်မှောက်ကြည့်ရင်း အူလည်လည် မေးခွန်းထုတ်လာသော Jungkook ။
Taehyung ထိုအခါမှ မျက်နှာလေး ရဲသွားရလျက် အကြည့်ပြန်လွှဲလိုက်သည် ။

ဘာလဲ.. သူက ငါ့နှလုံးခုန်သံကိုပါ အသေးစိတ်ကြားနေရတာလား!
အား!.. ရှက်ဖို့ကောင်းလိုက်တာ ။

" မင်းက ကင်းလှည့်သွားရမှာဆိုတော့.. ဘယ်.. ဘယ် အချိန်လောက် သွားမှာလဲ.. "

" ငါတို့က မြန်တယ်လေ... ဆုံရပ်ကို အချိန်တိုအတွင်းရောက်တယ်.. ၅မိနစ်တောင် အချိန်မပေးရဘူး.. "

Taehyung စကားလမ်းကြောင်းလွှဲလိုက်လျှင် အူတူတူနှင့် Vampireက သူ့စကားအတိုင်း ပါလာလို့သာ တော်တော့သည် ။

" အဟမ်း.. မင်းက ကျောင်းဝတ်စုံလည်း မလဲရသေးတာကို.. အိမ်မှာ ရေချိုးသန့်စင်ပြီး အ၀တ်အစား လဲသွားချင်လား.. ငါ အ၀တ်ဌားပေးမယ်.. "

" တကယ်!!... "

ဒါဆို ငါက လူသားအလှလေး ၀တ်နေကျ အ၀တ်အစားတွေကို ၀တ်ခွင့်ရတော့မှာပေါ့!!..

စိတ်လှုပ်ရှားလွယ်လွန်းသော Vampireလေးက ချက်ချင်းပင် မြူးထူးသည့်ဟန် ဖြစ်ပေါ်သွားလျှင် Taehyung သဘောတကျ ပြုံးမိသွားရသည် ။

ဒီVampireကို စိတ်ကျေနပ်အောင် လုပ်ပေးဖို့က လွယ်လိုက်တာ ။

" တကယ်ပေါ့... "

သူတို့နှစ်ဦးသား ခေါင်မိုးထပ်ကနေ ဆင်းလာခဲ့ကြကာ Jungkookကို ရေချိုးခန်းဆီ ပို့ပေးပြီး လဲလှယ်ရန်အတွက် အ၀တ်အစားများကိုပါ အသင့်ထုတ်ပေးထားလိုက်သည် ။

ထို့နောက် သူကတော့ ညစာစားရန်အတွက် မီးဖိုခန်းထဲမှာ ပြင်ဆင်နေမိသည် ။

ထမင်းက Jungkookအတွက် အာဟာရမဖြစ်ဘူးဆိုတော့ ငါ သူ့ကို သူတို့သောက်တတ်တဲ့ အနီရောင် အထုပ်လေးတွေကို ၀ယ်ပေးထားရမလားဘဲ ။
ဒါပေမယ့် အဲ့ဒီ့အထုပ်တွေက Vampireနယ်မြေထဲက စတိုင်းဆိုင်တွေမှာပဲ ရောင်းတာဆိုတော့ ၀ယ်ရန်အတွက်က အခက်အခဲရှိသည် ။

သူ ခေါင်းလေးကုတ်လိုက်ရင်း ထမင်းကိုသာ အသီးအရွက် အသားများနှင့် ကြော်လှော်နေစဉ် ရေချိုးခန်းထဲမှာတော့ Vampireလေးက မြူးထူးစွာ ရေချိုးနေသည် ။

The Royal Academy (Complete)Where stories live. Discover now