zawgyi
" Bogum.. ဖြေဆေးက မပြီးသေးဘူးလား.. ငါတို့အနောက်ကို လိုက်လာကြတဲ့သူတွေ ရှိတယ်.. သူတို့က သိပ်မကြာခင် ဒီနေရာကို ရှာတွေ့သွားကြတော့မှာ.. "
" မင်းသာ သားရဲလှောင်အိမ်ကို သွားမဖွင့်ပေးခဲ့ရင် သူတို့ လိုက်လာမှာ မဟုတ်ဘူး.. Jaewon.. "
" သားရဲဘ၀နဲ့နေရတာက ဘယ်လောက်တောင်ဆိုးလည်းဆိုတာ မင်း သိမှာ မဟုတ်ဘူး.. Bogum.. ငါက သူတို့ကိုလည်း အဲ့ဒီ့သားရဲဘ၀ကနေ လွှတ်မြှောက်စေချင်ရုံပဲ... "
ဓာတ်ခွဲခန်းအတွင်းမှာ Bogum ဖြေဆေးဖော်နေသည်ကို လာရပ်ကြည့်နေသော Jaewonက သူ ဒီတစ်ခေါက်သာ ဖြေဆေးထပ်ထိုးခဲ့ရင် လူအသွင် ပြန်ပြောင်းနိုင်ပြီဖြစ်၍ ဆန္ဒများက အလျှင်လိုနေသည် ။
" မင်းက ဒီဖြေဆေးရရင် လူအသွင် ပြန်ပြောင်းနိုင်ပြီ ဆိုပေမယ့်.. မင်း ခေါ်လာတဲ့ သားရဲတွေကတော့ မင်းလိုပဲ ဖြေဆေးကို ရေရှည် အသုံးပြုမှ လူအသွင် ပြန်ပြောင်းနိုင်မှာ.. သူတို့အတွက်က အလှမ်းဝေးလွန်းသေးတယ်... "
Bogumအပြောကြောင့် ဓာတ်ခွဲခန်း အပြင်ဘက်၌ ရှိနေသော သားရဲတစ်ကောင်၏ နီရဲနေသည့် မျက်ဝန်းအစုံက ကျဉ်းမြောင်းသွားလျက် ။
Bogumကတော့ ကုတင်ထက် မေ့မြောနေဆဲဖြစ်သည့် Taehyungကို လှမ်းကြည့်လိုက်သည် ။
" ဖြေဆေးရတာနဲ့.. ငါ သူ့ကို ပြန်ခေါ်သွားမယ်.. ကျန်တဲ့သူတွေကိုက လာရှာတဲ့အဖွဲ့တွေရောက်ရင် ပြန်ခေါ်သွားလိမ့်မယ်.. "
" မင်းက ဘာလို့ အဲ့ဒီ့လူသားကို အရေးထားနေတာလဲ Bogum.. "
" သူက ငါ့အတွက် အဖိုးတန်လို့ပေါ့.. Jaewon.. မင်းအတွက် စည်းမျဉ်းဖောက်ရဲတဲ့အထိ အရေးပါခဲ့တဲ့ 'သူမ'လိုမျိုး.. "
ထိုစကားကြောင့် Jaewonက ဘာမှဆက်မပြောတော့ဘဲ ဓာတ်ခွဲခန်းအထဲမှ ထွက်ခွာသွားတော့သည် ။
.
.
.Vampireများ၏ အာရုံခံနိုင်စွမ်းရည်ကို အသုံးချ၍ တောအုပ်ကြီးထဲသို့ ချဉ်းနင်းဝင်ရောက်နေသည်မှာ နာရီအတန်ကြာပြီ ။
တောအုပ်က နက်လာလေ သဘာဝဘေးအန္တရာယ် သားကောင်များကိုလည်း တွေ့လာရသောကြောင့် ထိုကိစ္စများကိုလည်း ဖြေရှင်းရသေးသည် ။
YOU ARE READING
The Royal Academy (Complete)
FanfictionKim Namjoon, Kim Soekjin, Min Yoongi, Jung Hosoek, Park Jimin, Kim Taehyung & Jeon Jungkook Taekook Vampire, Werewolf, Human Both zawgyi & unicode Taekook makes me happy.