zawgyi
Taehyung အိမ်တံခါးသော့အားဖွင့်လိုက်ပြီး စိတ်ထဲ မသိုးမသန့် ခံစားချက်ကြောင့် အနောက်သို့ ဖျတ်ခနဲ လှည့်ကြည့်လိုက်သည် ။
တစ်စုံတစ်ယောက်က သူ့အနောက်ကို နောက်ယောင်ခံလိုက်နေသလိုမျိုး ခံစားချက်အား သူ ကျောင်းစတက်သည့် နေ့တည်းက ခံစားနေရတာ ။
ရှင်းလင်းလျက် ရှိနေသော ပတ်ဝန်းကျင်ကြောင့် သူ အိမ်ထဲသို့သာ ၀င်လာလိုက်ရင်း တံခါးပိတ်ကာ ကျောပိုးအိတ်ကို ကုတင်ထက် ပစ်တင်လိုက်သည် ။
ထို့နောက် အ၀တ်အစားများကို ချွတ်လိုက်ကာ ရေချိုးခန်းထဲ ၀င်လာခဲ့သည် ။
ရေပန်းအောက်က ရွှေရောင်သန်းနေသည့် ခန္ဓာကိုယ်ကောက်ကြောင်း ။
အိမ်အပြင်ဘက်က သစ်ပင်ထက်ရှိ Jungkookကတော့ ရေကျသံအား နားစွင့်ရင်း အာခေါင်ခြောက်လာသလို တံတွေးမြိုချမိလိုက်သည် ။
အာ.. ငါ ဘာတွေ လုပ်နေမိပါလိမ့် ။
သူ ပူထူလာသလို ခံစားချက်ကြောင့် မနေတတ်စွာ ထိုသစ်ပင်ကြီးမှ ဆင်းလိုက်ကာ အိမ်သို့သာ ပြန်လာခဲ့လိုက်သည် ။
သူ ပြန်သွားပြီးသည့်နောက်မှာတော့ Taehyung၏အိမ်ကို ခပ်လှမ်းလှမ်းရှိ သစ်ပင်အကွယ်ကနေ စိုက်ကြည့်နေသော အရိပ်တစ်ခုက မျက်ဝန်းများနီရဲတောက်နေလျက် ။
.
.
." ဒီနေ့ကျ ပြန်လာတာ စောသားပဲရော.. "
" အင်း... "
အောက်ထပ်က ဆိုဖာထက်မှာ ထိုင်နေသည့် Jiminအပြောကို Jungkook ပြန်ဖြေလိုက်ရင်း အပေါ်ထပ်က သူ့အခန်းဆီသို့သာ တက်လာခဲ့လိုက်သည် ။
သူ အ၀တ်အစားလဲပြီးသည်နှင့် ပြတင်းပေါက်မှတဆင့် အိမ်ခေါင်မိုးပေါ်သို့ တက်လိုက်ကာ ခေါင်မိုးပေါ်မှာထိုင်ရင်း ညအမှောင်ပျိုးနေပြီဖြစ်သော မိုးကောင်းကင်ကြီးအား မော်ကြည့်မိသည် ။
သဘာဝရှုခင်းအလှတရားများကို တမေ့တမော ကြည့်တတ်တာက သူ သိတတ်စအရွယ်တည်းက အကျင့် ။
သူ့တို့ရဲ့ မိဘတွေက ဘယ်သူဘယ်ဝါဆိုတာတောင် သိခွင့်မရဘဲ Vampireဆိုတဲ့ ဖြစ်တည်မှုမှာ နေသားကျလာခဲ့သည်မှာ နှစ်ပေါင်း(၂၀)ရှိပြီ ။
YOU ARE READING
The Royal Academy (Complete)
FanfictionKim Namjoon, Kim Soekjin, Min Yoongi, Jung Hosoek, Park Jimin, Kim Taehyung & Jeon Jungkook Taekook Vampire, Werewolf, Human Both zawgyi & unicode Taekook makes me happy.