Part ~ 12

3.8K 657 31
                                    

zawgyi

မနက်ခင်း အလင်းရောင်က အခန်း၏ပြတင်းပေါက်မှန်မှတဆင့် အခန်းတွင်း ဖြာကျနေသည် ။

" အဟွတ်... "

ကုတင်ထက်၌ လှဲလျောင်းမှေးစက်နေသော Taehyungနှုတ်ခမ်းပါးတို့က  ဖြူဖျော့နေလျက် ။
မနေ့ညက ရေစိုခဲ့သည်ကြောင့် အအေးမိသွားသော Taehyungတစ်ယောက် တစ်ကိုယ်လုံးက ပူထူနေလျက် ဦးခေါင်းက ကိုက်ခဲနေသည် ။

" ဘာဖြစ်လို့ အအေးမိသွားရတာလဲ.. Taehyung.. ထ.. ဆန်ပြုတ်နဲ့ဆေးသောက်ပြီးမှ ပြန်အိပ်.. "

သူ့အား ကျောင်းသွားရန်အတွက် ၀င်ခေါ်သော Minjaeက သူအဖျားကြီးနေမှုကြောင့် ဆန်ပြုတ်ပြုတ်ပေးကာ သောက်ဆေးပါ ယူလာပေးသည် ။

Taehyung အားပြုကာ ကုတင်ထက်မှ ထထိုင်ရင်း Minjaeကို ကြည့်လိုက်သည် ။

" ကျောင်းနောက်ကျလိမ့်မယ်.. Minjae.. ဒီနေ့တော့ မင်းပဲသွားလိုက်.. ပြီးတော့.. ငါ့ကို ခွင့်တိုင်ပေးဖို့ မမေ့နဲ့ဦး.. လူသားတွေ ပျောက်ဆုံးမှုကြောင့် ငါ့အတွက် ခွင့်မတိုင်ရင် ပြဿနာတွေ ရှုပ်ကုန်လိမ့်မယ်.. "

" အင်းပါ... ငါ ကျောင်းသွားလိုက်မယ်... နေ့လယ်အတွက်လည်း ဆန်ပြုတ်ကို ထနွေးစားလိုက်နော်.. ဆေးသောက်ဖို့လည်း မမေ့နဲ့.. ငါ ကျောင်းဆင်းမှ ပြန်ဝင်လာပြီး ညစာအတွက် လုပ်ပေးမယ်.. ဟုတ်ပြီလား.. "

" အင်း... "

Minjaeက သူ့ကိုနှုတ်ဆက်ကာ ကျောင်းကိုသွားခဲ့မှ Taehyung ဆန်ပြုတ်ကိုစားကာ ဆေးသောက်လိုက်ပြီး အိပ်ရာထက်မှာ ပြန်မှေးစက် လှဲလျောင်းမိကာ ခဏအကြာ ဆေးအရှိန်ကြောင့် အိပ်မောကျသွားခဲ့တော့သည် ။
.
.
.

ကျောင်းဝင်းထဲသို့ ၀င်လာသော Minjae ။
Taehyungနှင့် အပေါင်းအသင်းလုပ်သော Vampireက သူ့ကိုတွေ့လျှင် မျက်လုံးလေး လဲ့သွားပေမယ့် တစ်စုံတစ်ယောက်ကိုတော့ မမြင်မိ၍ ဝေ့၀ဲရှာနေသည် ။

" Taehyungကရော.. "

" သူ..သူက နေမကောင်းဖြစ်နေလို့ ကျောင်းမလာပါဘူး Vampire nim..."

ရိုကျိုးစွာ ပြောနေသော အဖော်လူသားစကားကြောင့် Jungkook စိုးရိမ်သွားရသည် ။

" ဘယ်နားက နေမကောင်းဖြစ်တာလဲ!.. "

" အ..အအေး မိသွားလို့ ထင်ပါတယ်ဗျ.."

The Royal Academy (Complete)Where stories live. Discover now