Part ~ 9

3.9K 685 16
                                    

zawgyi

" Hi... Taehyung.. "

" အင်း... "

Taehyungကို ကျောင်းအပေါက်ဝ၌ တမင်တကာ ရပ်စောင့်နေသည့် Jungkook ။
မနက်ခင်းအလင်းရောက်အောက်မှာ နေရောင်ခြည်နုနုနှင့်အပြိုင် ကြည့်ကောင်းလှသော လူသားအလှလေးကလည်း သူ့ကို အပြုံးနှင့်တုန့်ပြန်လျှင် Jungkookအတွက် ပြီးပြည့်စုံသော မနက်ခင်းလေး ဖြစ်ခဲ့ပြီ ။

Taehyungဘေးက အဖော်လူသားကတော့ သူ့အား ကွက်ကြည့်ကွက်ကြည့် ။

" Taehyung.. သူက မင်းနဲ့ ခင်နေတာလား.. "

လေသံတိုးတိုးလေးနှင့် မေးခွန်းထုတ်နေသော အဖော်လူသားရဲ့စကားကို Jungkook မသိကျိုးကျွံပြုလိုက်သလို Taehyungကလည်း ခေါင်းတစ်ချက်ညိတ်ပြီး လူသားအဖော်နှင့် လမ်းခွဲလိုက်ကာ သူ့၏ဘေးမှာ အတူယှဉ်တွဲလျှောက်နေသည် ။

အတန်းထဲရောက်တော့ Taehyungက သူ့စာသင်ခုံဆီမှာ ၀င်ထိုင်ပြီး Jungkookကလည်း အတန်းထဲရောက်နှင့်နေသော Jiminရဲ့ဘေးမှာ ၀င်ထိုင်သည် ။

ခဏအကြာ အတန်းထဲသို့ ၀င်လာသော သမိုင်းဆရာ ။

" ကျောင်းသား Choi Minhoက မရောက်လာသေးဘူးလား.. "

ပုံမှန်ဆို ကျောင်းကို အတန်းချိန်မစမှီ ရောက်နေကြဖြစ်သော Minhoက ကျောင်းနောက်ကျနေခြင်းတော့ မဖြစ်တန်ရာ ။

Taehyung စိတ်တစ်ချက် ထင့်သွားသလိုမျိုး သူ့ဘေးက စာသင်ခုံဆီ အကြည့်ရောက်သွားရသည် ။
.
.
.

" ကျောင်းသားများ အလံတိုင်ရှေ့မှာ စုပေးကြပါ... "

အတန်းခဏနားချိန်၌ စပီကာဆီကနေ ဟိန်းထွက်လာသည့် အသိပေးသံ ။

ကျောင်းသားများက စာသင်ခုံမှထကာ အလျှိုလျှိုဖြင့် ထွက်သွားခဲ့ကြလျှင် Taehyungလည်း သူတို့လို အတန်းထဲမှ ထွက်လာခဲ့လိုက်သည် ။

" ဘာလို့ ခေါ်တာလဲ မသိဘူးနော် Taehyung... "

" ငါလည်း မသိဘူး.. "

Jungkookကတော့ Taehyungရဲ့ဘေးမှာ ထပ်ကြပ်မကွာ လိုက်လျှောက်လာရင်း အလံတိုင်အရှေ့မှာလည်း အတူတူ နေရာယူလိုက်သည် ။

အလံတိုင်ရှေ့က စင်ပေါ်၌ ရပ်နေသော ကျောင်းအုပ်ဆရာ ။
ထိုသူက Taehyungတို့ ကျောင်းစစတက်သည့်နေ့တုန်းက မိန့်ခွန်းပြောကြားခဲ့သည့်သူပင် ဖြစ်သည် ။

The Royal Academy (Complete)Where stories live. Discover now