zawgyi
ဆွေးမြည့်ဟောင်းနွမ်းနေပုံပေါ်သည့် အုတ်နံရံသားဖြင့် အခန်းငယ်တစ်ခုတွင်း စေ့ပိတ်ထားသော ပြတင်းပေါက်၏ မှန်မှတဆင့် အပြင်က အလင်းရောင်က အခန်းတွင်းချဉ်းနင်း ၀င်ရောက်နေသလို ဖွင့်ထားသည့် မီးအိမ်အလင်းရောင်ကလည်း ဝါကျင့်ကျင့် ။
ပြတင်းပေါက်ဘက်ကို မျက်နှာမူကာ ကုတင်ထက်ထိုင်နေသည့် ကောင်လေးတစ်ဦး ။
လက်ထဲက ငွေရောင်ဓားလေးအား ဓားသွေးကျောက်ဖြင့် အထပ်ထပ်သွေးပြီး ချွန်မြနေသည့် ဓားသွားလေးအား လက်ချောင်းသွယ်သွယ်လေးဖြင့် ပွတ်ဆွဲကြည့်လိုက်သည် ။
" အ...."
ထက်လွန်း၍ ရှသွားရသည့် လက်ညိုးလေး ။
သူ သွေးစွန်းသွားသော လက်ညိုးထိပ်ကို မျက်ဝန်းသေများဖြင့်သာ ကြည့်မိသည် ။" Vampireတစ်ကောင်ရဲ့ နှလုံးသားကို အဲ့ဒီ့ဓားထက်ထက်နဲ့ တစ်ချက်တည်း ထိုးလိုက်ရင် သူ ပွဲသိမ်းသွားပြီ.. ဟုတ်တယ်မလား Taehyung..."
သူ့အနောက်ပါးဆီမှ ထွက်ပေါ်လာသည့်အသံ ။
သူ အေးစက်စက်ဖြင့်သာ လှည့်ကြည့်လိုက်သည် ။" ငါ Vampierတွေကို မယုံဘူး.. Minjae သူတို့က လူသားတွေကို ဒီအတိုင်း အလှကြည့်နေမယ် မင်းထင်လား...."
သူ့အမေးအား Minjaeက ပခုံးတွန့်ပြသည် ။
" မပြောတတ်ဘူးလေ.. သဘောတူစာချုပ် ချုပ်ထားတယ်ဆိုပေမယ့် Vampireတစ်ကောင်က သွေးစုပ်ချင်ရင် ဘယ်သူက တားနိုင်မှာလဲ.. အင်အားပျော့ညံ့တဲ့ လူသားက လည်စင်းပေးရုံပေါ့.. ငါကတော့ ငါ သွေးစုပ်ခံရရင် ငါ့ကို Vampireအဖြစ် ပြောင်းပေးဖို့ မေတ္တာရပ်ခံလိုက်မယ်.. သူတို့က ထာဝရရှင်သန်နိုင်တဲ့ သူတွေမလား.."
" ထာဝရရှင်သန်နိုင်တဲ့သူဆိုတာ မရှိဘူး.. သူတို့က လူသားတွေထက် အချိန်ကြာကြာ ပိုနေနိုင်တာ တစ်ခုပဲ.. သူတို့ကို သတ်နိုင်တဲ့သူရှိရင် သေကြမှာပဲ.. ပြီးတော့ လူသားကနေ Vampireဖြစ်ရင် နေရောင်ခြည်မခံနိုင်ဘူး.. မင်းသာ အကိုက်ခံရပြီး Vampireဖြစ်သွားရင် နေရောင်ခြည်ထိတာနဲ့ ပြာမှုန့်ဖြစ်သွားမှာ.. ကိုယ်အသက်ရှင်ဖို့အတွက် တခြားနည်း စဉ်းစား..."
YOU ARE READING
The Royal Academy (Complete)
FanfictionKim Namjoon, Kim Soekjin, Min Yoongi, Jung Hosoek, Park Jimin, Kim Taehyung & Jeon Jungkook Taekook Vampire, Werewolf, Human Both zawgyi & unicode Taekook makes me happy.