Part ~ 13

3.8K 659 89
                                    

zawgyi

Jungkook အခန်းထဲက ကုတင်ထက်၌ စာကြည့်တိုက်မှ ဌားလာသော စာအုပ်သုံးအုပ်လုံးကို ပစ်ချလိုက်သည် ။
ပြီးတော့ သူကိုယ်တိုင်လည်း မှောက်လျက်ဝမ်းလျားထိုး၍ လှဲချလိုက်ကာ စာအုပ်တစ်အုပ်ကို ဆွဲယူလှန်ကြည့်လိုက်သောအခါ မျက်လုံးလေး ၀ိုင်းသွားရသည် ။

" ဘာလို့ သူက သူ့ကို ကိုက်စားနေရတာလဲ... "

ရုပ်ပုံများနှင့် ရေးခြစ်ထားသောကြောင့် သူ နားမလည်ဖြစ်သွားရင်းမှ တစ်ရွက်ချင်းဆီ လှန်ကြည့်ရင်း သဘောပေါက်သွားသလို ခေါင်းလေးတညိတ်ညိတ် ။

အမှန်တော့ တကယ်စားတာ မဟုတ်ဘဲ စားချင်ယောင်ဆောင်တာ ။
ပြီးတော့ Jungkookဆို လူသားအလှလေးနှုတ်ခမ်းကို ထိရုံပဲထိချင်တဲ့ဟာ သူကကျ စားချင်ယောင်ပါဆောင်နေသည် ။

Jungkook မျက်လုံးဝိုင်းဝိုင်းလေးများက အရောင်တလက်လက်ဖြင့် တစ်ကိုယ်လုံးအား ကိုက်စားချင်ယောင်ဆောင်နည်းကို လေ့လာလိုက်သည် ။

ဒီပုံတွေတွေ့တော့ သူလည်း လူသားအလှလေးကို ကိုက်စားချင်ယောင် ဆောင်ချင်လာသည်လေ ။

တကယ်တော့ သူ လူသားအလှလေးကို ထိတွေ့ပွတ်သပ်ချင်တာက တားမြစ်စာအုပ်က ဖော်ပြထားချက်အရ သဘာဝဖြစ်ပုံပါပဲ ။

လွတ်လွတ်လပ်လပ် ထိတွေ့နေသည့် ရုပ်ပုံလွှာများကြောင့် သူ လူသားအလှလေးရဲ့ ခြေထောက်သွယ်သွယ်၊ ပြစ်ချက်ကင်းသည့် ခန္ဓာကိုယ်လေးကို ပြန်အတွေးရောက်သောအခါ ပါးလေးရဲသွားရသည် ။

အဲ့ဒီ့ ခန္ဓာကိုယ်လေးကို ထိတွေ့ပွတ်သပ် ကိုက်စားချင်ယောင် ဆောင်ခွင့်ရခဲ့ရင် သူ ရူးရချည်ရဲ့ ။

" အား!!.. "

အတွေးနှင့် ပျော်မြူးနေပြီးမှ သူ့အရှေ့က စာအုပ်ထံ အာရုံ ပြန်ရောက်သောအခါ Jungkook ထိုပုံရိပ်များကို သနားကရုဏာသက်သလို ကြည့်မိသည် ။

" အ၀တ်အစားတွေလည်း မပါရှာဘူး... "

စာအုပ်ထဲမှာ အချင်းချင်း ထိတွေ့ပွတ်သပ်နေကြသော ယောက်ျားလေးနှင့် မိန်းကလေးက အ၀တ်အစားကင်းမဲ့နေသည်ဖြစ်၍ Jungkook နောက်မှ အကြံဉာဏ်ပေါ်သွားသလိုမျိုး စာကြည့်စားပွဲပေါ်က ဖောင်တိန်တစ်ချောင်းအား လှမ်းယူလိုက်တော့လေသည် ။
.
.
.

The Royal Academy (Complete)Where stories live. Discover now