zawgyi
နီရဲနေသည့် မျက်ဆံအိမ်နှင့် Jungkook ။
ချိုမြိန်လှသော လူသွေးအရသာကြောင့် အသိစိတ် ကင်းကွာလုဆဲဆဲ ဖြစ်သွားရလျှင် Bogumက သူ့ခန္ဓာကိုယ်အား Taehyungဆီကနေ ဆွဲခွာလိုက်ရသည် ။" ဟိုကျောင်းသား.. သူ့ကို ခေါ်သွားပေးပါ.. လူသွေး စသောက်ဖူးတဲ့ Vampireဖြစ်လို့ ဆိုးကျိုးတော့ ရှိလိမ့်မယ်.. သူ့ကို ခဏ ထိန်းသိမ်းထားမှရမှာ.. "
လူ့သွေးဝင်ထားသည့် Jungkookက အစွယ်တမြမြတို့က နီရဲနေလျက် Taehyungထံသို့သာ ထပ်မံသွေးစုပ်ရန် ဆိုင်းပြင်နေလျှင် Jiminနှင့် Werewolfတစ်ချို့က Jungkookအား ဆွဲခေါ်သွားကြသည် ။
" ကျွန်တော့်ကို အပြစ်ဒဏ်မချမှတ်ခင် သူ့ကို အရင်ကုသခွင့်ပေးပါ.. Vampireဖြစ်စ လူသားတစ်ယောက်ကို ကျွန်တော်ပဲ ကုသထိန်းချုပ်နိုင်မှာမို့ပါ... "
" မင်းက တကယ်တော်တဲ့ ဆရာဝန်တစ်ဦးပါ Bogum... ငါ မျိုးနွယ်စုခေါင်းဆောင်ဆီ တင်ပြလိုက်မယ်.. "
" Vampireဖြစ်စ လူသားက နေရောင်ခြည်နဲ့ ထိတွေ့လို့မရလို့ ကျွန်တော် ဒီအဆောက်အဦးမှာ ကုသမှရမှာ.. အထောက်အပံ့ ပစ္စည်းတွေအတွက် တောင်းခံပါတယ်.. "
" အင်း.. လိုတာတွေကို လာပို့ခိုင်းလိုက်မယ်... "
Werewolfမျိုးနွယ်စု လူကြီးက Bogum၏ပခုံးကို နှစ်သိမ့်သလိုပုတ်ကာ အနားမှ ထွက်ခွာသွားသည် ။
ထိုအခါမှ Bogum ကုတင်ထက်မှ Taehyung၏ ပြောင်းလဲမှုကို သေချာစောင့်ကြည့်နေမိသည် ။
Vampireအဆိပ်တို့က Taehyung၏ သွေးကြောထဲသို့ စတင်ပျံ့နှံ့နေပြီဖြစ်၍ သွေးကြောများထောင်လာသော Taehyung၏ခန္ဓာကိုယ်အတွင်း ဆဲလ်များက စတင်ပြောင်းလဲမှု ပြုနေပြီ ။
" အား!!.... "
မျက်ဝန်းတို့ ရုတ်တရက် ပွင့်ဟလာသည့် Taehyung၏ မျက်ဆံတို့က နီရဲလာလျက် အစွယ်နှစ်ဖက်က ချွန်မြစွာ ရုန်းထွက်လာလျှင် နာကျင်စွာ မြည်တမ်းသံက ထွက်ပေါ်လာသည် ။
" အား!!... "
Vampireအဖြစ်သို့ ကူးပြောင်းသွားပြီဖြစ်သည့်အတွက် အတွင်းဒဏ်ရာများက တဖြည်းဖြည်းကုစားသွားကာ Taehyung၏ ခန္ဓာကိုယ် အလုံးစုံ သက်သာသွားလျှင် Taehyungကတော့ ထပ်မံမေ့မြောသွားရသည် ။
YOU ARE READING
The Royal Academy (Complete)
FanfictionKim Namjoon, Kim Soekjin, Min Yoongi, Jung Hosoek, Park Jimin, Kim Taehyung & Jeon Jungkook Taekook Vampire, Werewolf, Human Both zawgyi & unicode Taekook makes me happy.