Jm side
ငါကနောက်ဆုတ်လေမင်းကရှေ့တိုးလေပါလားခက်ပါလားကောင်လေးရယ် ဘာလို့ငါနဲ့ရင်းနှီးချင်နေရတာလဲ ငါ့ပြဿနာတွေဖြေရှင်းပြီးတဲ့အခါ ငါအတိတ်တွေဆီကနေရုန်းထွက်လာနိုင်တဲ့အချိန်ကျမှပဲ မင်းလိုချင်တဲ့ရင်းနှီးခွင့်ကိုပေးတော့မယ် ကောင်လေး အခုတော့မင်းကိုငါငြင်းပါရစေ........
______________________________________________________hyungနားကပ်နိုင်ဖို့အရေး Jung kookတို့အရေးမို့လို့ဉာဏ်နီဉာဏ်ဝါပေါင်းများစွာဖြင့်အိမ်သိူ့တက်ကြွစွာပြန်လာခဲ့တော့သည်အိမ်ရောက်တာနဲ့ရေမိုးချိုးပြီးအဝတ်အစားလဲပြီးအောက်ထပ်ဆင်းလာသောအခါအကို4ယောက်ကခါးထောက်ပြီးသူ့ကိုပြူးကြည့်နေကြသည်
Rm - Jung kookဆေးစားမှာသွားတာလား
Jin - တက်ကြွတဲ့ကြက်ဖကြီးပါလားဟေ့
Hobi - ဘယ်နှစ်နာရီရှိသေးလို့မင်းကရွနေရတာလဲ
Sugaကတော့ခေါင်းသာယမ်းပြသည်
Jk - Hyungတို့ကမှမချစ်ဖူးတာ အဲ့တော့ဘယ်သိမလဲ လူတိုင်းအချစ်နဲ့တွေ့ရင်ပြောင်းလဲသွားတတ်ကြတာကြီးပဲ hyungတို့ကသိမှာလဲမဟုတ်ပါဘူး အလကား Faတွေတိန်!
အပြောကြီးနေတဲ့ကိုဂျောင်ကုခေါင်းကိုခေါက်လိုက်ခြင်းဖြစ်ပါတယ်😂Jk - အား နာတယ်ဗျ Jin hyungရဲ့ ဒီခေါင်းလေးက ကိုကိုနမ်းဖို့hyungခေါက်ဖို့မဟုတ်ဘူး
Jin - သေလေ ဝေါ့ ကိုကိုပဲဖြစ်ရသေးတယ် စောက်ကျိုးနည်း
Rm - ကဲ sofaပေါ်လာထိုင်ဦး အခုမှအစောကြီးရှိသေးတယ်
Jk - ဘာလို့လဲhyungရာ နောက်ကျသွားလိမ့်မယ်ဗျ ကျွန်တော်ကhyungပိစိလေးကိုတွေ့ချင်နေပီ
Rm - မင်းအတည်ကြီးစိတ်ဝင်စားနေတာလား Jung kook
Jk - အတည်လေ အတည်မို့လို့ ဒီလောက်ထိဖြစ်နေတာပေါ့
Rm - အင်း မင်းကရည်းစားလဲထားဖူးတာမဟုတ်ဘူး ပြီးတော့ဟိုကလဲအေးတိအေးစက်ကြီး မင်းကစပ်စလူး မင်းနဲ့သူဖြစ်ပါ့မလားကွာ ငါတို့တွေကမင်းအတွက်စိုးရိမ်လို့ပြောတာ ငါတို့တွေကသူငယ်ချင်းဆိုလဲဟုတ်တယ် အကိုတွေဆိုလဲဟုတ်တယ် မင်းသူကြောင့်ခံစားနေရမှာကိုမလိုလားဘူး
Suga - အဲ့ဒါတော့ငါလဲထောက်ခံတယ် သူ့ပုံစံကိုကြည့်ရတာငါဘဝင်မကျဘူး မင်းကိုခါးခါးသီးသီးဖြစ်နေတာကိုလဲမကြိုက်ဘူး
Jk - hyungတို့ကသူ့မျက်လုံးကိုမှမတွေ့ဖူးတာ သူ့မျက်ဝန်းတွေထဲမှာ နာကျင်မှုတွေ ဝမ်းနည်းမှုတွေ အားငယ်မှုတွေအကုန်မြင်နေရတယ် သူ့ရဲ့အရင်ပုံစံကိုမတွေ့ဖူးပေမယ့်
အခုပုံစံကတစ်ခုခုကိုနာနာကျည်းကျည်းမုန်းပီး ပုံစံပြောင်းသွားတယ်လိူ့ကျွန်တော်ထင်တယ် သူ့မျက်နှာမှာအပြုံးတွေဖြစ်ပေါ်လာအောင် ကျွန်တော်လုပ်ပေးချင်တယ် hyungတိူ့စိတ်မပူပါနဲ့ ကျွန်တော့ကိုယ်ကျွန်တော်ထိန်းကျောင်းတတ်ပါတယ် ကျွန်တော်ကလေးလေးမဟုတ်တော့ပါဘူးဗျ😁
Jin - အေးကွာ မင်းကဒီလောက်ထိဖြစ်နေမှာတော့ငါတို့ကဘာပြောနိုင်မှာလဲ တစ်ခုပဲ ဘာပဲကြုံလာကြုံလာငါတို့တွေကိုရင်ဖွင့်တိုင်ပင်လို့ရတယ် မင်းတစ်ယောက်ထဲကြိတ်မဖြေရှင်းနဲ့ကြားလားJung Kook ကဲစကားပြောတာတောင်အချိန်လင့်ကုန်ပြီ မင်းလဲသွားတော့မယ်မလားသွားမယ်ဆိုလဲသွား မနေ့ကလိုတော့နောက်မကျစေနဲ့ကြားလား
Jk - Nae hyung
Jin - ကဲဟိုကောင်တွေငါ့ကိုညစာချက်ဖို့ဝိုင်းကူ ဒါပဲ
အိမ်ထဲမှာလဲညစာချက်ရန်အသံတွေဆူညံနေသလို
ကောင်လေးတစ်ယောက်ကလဲသူ့ရင်ခုန်သံတွေကိုဆူညံအောင်လုပ်နိုင်တဲ့ကောင်လေးကိုတွေ့ရန်ထွက်သွားလေပြီ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~