Jung Kookလဲအကိုတွေကိုထားခဲ့ပြီးhotelရှေ့ကိုထွက်စောင့်နေလိုက်သည်။စောင့်နေရင်းခဏကြာတော့ရောက်လာပါပြီ။
ကားလမ်းကူးဖို့စောင့်နေတဲ့ပိစိလေးJung Kookလဲရောက်လာတာကိုမစောင့်ပဲကားလမ်းကူးလိုက်တဲ့အခါ"Jung Kook ကားကိုသတိထား"
ကျွီ ဒုန်း
ကားတိုက်သံအသံနှင့်အတူလွင့်ထွက်သွားတဲ့ကိုယ်ငယ်လေး
"Hyung !!!!!"
Jung KookကJiminရဲ့အသံကြားလို့နောက်ဆုတ်လိုက်ပေမယ့်စိတ်ပူပြီးကားလမ်းကိုမကြည့်မိပဲပြေးထွက်လာတဲ့Jiminကိုတစ်ဖက်ကကားကတိုက်မိသွားသည်။လမ်းမထက်သွေးတွေသည်မြင်မကောင်းအဖြူရောင်ဝတ်စုံလေးမှာလဲသွေးတွေကနီရဲနေသည်။သွေးတွေမြင်တော့မှJung Kookလဲအလျင်အမြန်Jiminနားကိုပြေးသွားပြီးပွေ့ထားကာငိုယိုပြီးစကားတွေဆက်တိုက်ပြောသည်။
"ကယ်ကြပါဦး hyung ကျွန်တော်တို့စေ့စပ်ပွဲသွားရဦးမယ်လေhyungထပါဦး မအိပ်နဲ့နော်hyung သတိထားပါဦး ဘာလို့ပြေးထွက်လာတာလဲ"
Jiminသည်Jung Kookမျက်နှာလေးကိုကိုင်ကာ
"မင်းဘာမှမဖြစ်ဘူးနော်Jung Kook"
စကားတစ်ခုချင်းစီကိုလေသံယဲ့ယဲ့နဲ့ပြောနေရသောကြောင့်
Jung Kookမှ."Hyung စကားမပြောနဲ့တော့နော် မောင်ဘာမှမဖြစ်ဘူးနော်"
"မောင်"ဟုခေါ်သံနဲ့အတူမျက်စိမှိတ်ကျသွားသည်။
"Hyung!!!!!!!!!"
Hotelရှေ့တွင်မတ်တပ်ရပ်နေသည့်သူငယ်ချင်းအုပ်စုသည်Jung Kooရဲ့သဲကဲမှုကိုပြောနေတုန်းမျက်စိရှေ့တွင်Jiminကိုကားဖြတ်တိုက်သွားသည်ကိုမြင်တဲ့အခါJinတို့အကုန်လုံးသည်ပြေးထွက်ပြီး
"ဟာ Jimin Jung Kook ဘယ်လိုဖြစ်တာလဲ "
"Hyung hyungကယ်ပါဦး hyungကိုခေါ်လို့မရတော့ဘူး hyungမောင့်ကိုထကြည့်ဦးလေ hyung hyung"
"Jung Kookစိတ်ကိုလျော့ပါဦးကွာ အရင်ဆုံးလူနာတင်ယာဉ်ခေါ်ကြရအောင် စိတ်ကိုလျှော့ထားနော်"
နောက်ကနေမှပြေးလာကြသည့်Rm, Sugaနှင့်Hobiတို့မှာလဲ
"ဟာ Jimin!!"