Jiminလဲလက်ကအနာမပျောက်သေးသဖြင့်အချိန်ပိုင်းအလုပ်လဲမသွားဖြစ်ပေဝရန်တာထွက်ကာဘီယာ1ဘူးဖြင့်သူ့အကြောင်းသူတွေးတောနေတယ်အချိန်အားဖြင့်တစ်နှစ်ကျော်ကြာခဲ့လေပီ ဒီလောက်ဆိုရင်မေ့ဖို့သင့်နေပီမလားကိုကို့ကိုလဲချစ်နေသေးလား မချစ်တော့ဘူးလားလဲမသေချာတော့ဘူး သေချာတာကတော့ကျွန်တော်Jung Kookအပေါ်ကိုရင်ခုန်နေမိပီ အခုချိန်မှာJung Kookကိုကျွန်တော်သဘောကျမိတာကျွန်တော်မမှားဘူးမလား ကိုကိုကသာကျွန်တော်ကိုသစ္စာဖောက်သွားတာ ကျွန်တော်သူငယ်ချင်းနဲ့ကိုမှကိုကိုကဖောက်ပြန်သွားတာ
မုန်းတယ် မုန်းတယ် ကျွန်တော်ကိုကို့ကိုမုန်းတယ် သစ္စာမရှိတဲ့ကိုကို့ကိုလဲမုန်းတယ် ဖောက်ပြန်သွားတဲ့သူငယ်ချင်းကိုလဲမုန်းတယ် အားလုံးကလူလိမ်တွေ လူတွေကယုံကြည်လွန်းရင် ယုံကြည်မှုကိုအလွဲသုံးစားလုပ်တတ်ကြတယ် ကျွန်တော်ကိုကို့ကိုမုန်းတယ်
ကျွန်တော်ကိုကို့ကိုမေ့နိုင်အောင်ကြိုးစားတော့မှာပါ ကိုကိုကျွန်တော့်ရှေ့ပြန်ပေါ်လာရင်တောင် မတိမ်းညွှန့်မိအောင်ကျွန်တော်ကြိုးစားမှာပါ
Ring ring
ဖုန်းမြည်သံကြောင့်တွေးလက်စတို့ပျောက်ပျက်သွားကာဖုန်းကိုကြည့်လိုက်တယ် unknown phပဲဘယ်သူပါလိမ့်"Hello ကျွန်တော်ပါ"
"Jung Kook😯"
"Nae ကျွန်တော်ပါ လက်သက်သာလားလှမ်းမေးတာ "မသက်သာရင်ဆေးခန်းသွားမယ်ဆိုရင်ကျွန်တော့်ကိုဆက်သွယ်နော်hyung"
"သက်သာပါတယ် မနက်ကအတွက်လဲတောင်းပန်ပါတယ်နော်"
"မလိုပါဘူးhyungရယ် ဒီနေ့အချိန်ပိုင်းအလုပ်လာမှာလားhyung"
"Inn ဒီနေ့တော့မသွားတော့ဘူးလို့စဉ်းစားထားတယ် နားချင်သေးလို့"
"အင်း ဒါလဲကောင်းပါတယ် နားနားနေနေနေပေါ့ ဘာစားပြီးပီလဲ hyung"
"Inn စားချင်စိတ်မရှိလို့မစားထားဘူး"
"ဟာ ဘယ်ချိန်ရှိနေပီလဲ 2နာရီတောင်ကျော်နေပြီကို ကျွန်တော်စားစရာတစ်ခုခုဝယ်ပြီးလာခဲ့မယ် ဒါပဲနော်"တီခနဲကျသွားသောဖုန်းပြန်ဖြေဖို့တောင်အချိန်မရလိုက်
Jiminလဲဖုန်းကျသွားတာကြောင့်ဖုန်းကိုချကာသောက်လက်စဘီယာဘူးကိုအကုန်သောက်ကာရေချိုးဖို့လုပ်ရသည်မဟုတ်ရင်ဟိုကောင်လေးလာတဲ့အခါရုပ်ပျက်ဆင်းပျက်ဖြစ်နေရင်မကောင်းဘူးမလားJiminလဲအပူလောင်ထားတဲ့လက်ကိုရေမစိုအောင်သတိထားရင်း ရေချိုးရသည်မှာနည်းနည်းတော့ကသိကအောက်နိုင်လှသည် ရေမြန်မြန်ချိုးပြီးပေါ့ပေါ့ပါးပါးတီရှပ်နဲ့ဒူးအတိဘောင်းဘီလေးသာဝတ်ပြီးJung Kookအလာကိုစောင့်နေလိုက်သည် မကြာပါဘူး တက်ကြွတဲ့ကြက်ဖကြီးအဲJeon Jung Kookတို့ရောက်လာပါပီ