အပိုင်း(၁၀)

2.8K 224 10
                                        


စာမေးပွဲနောက်ဆုံးရက်စာဖြေပြီးထွက်အလာ

"Hello Jung Kook hyungပြီးပီနော်"
"မောင့်ကိုခဏစောင့်နေနော်မောင့်ပိစိလေး မောင့်သူငယ်ချင်းတွေကခဏနေဦးတဲ့ဆိုလို့"
"အင်းအင်း hyungအဆောင်ရှေ့မှာပဲစောင့်နေမယ်"
"ချစ်တယ်နော် မောင့်ပိစိလေး"
"အင်းပါ hyungလဲချစ်တယ်"

Jiminလဲဖုန်းချပြီးတော့အဆောင်ရှေ့ကခုံတန်းလေးမှာထိုင်စောင့်နေလိုက်တယ်ထိုင်နေတဲ့ကောင်လေးဆီကိုဦးတည်လာနေတဲ့လူတစ်ယောက်အနားရောက်သောအခါ

"မင်လေး"
"ဟင် ခင်များ! ဘာလာလုပ်ပြန်တာလဲခင်များက ခင်များမျက်နှာမမြင်ချင်ဘူးလို့ပြောထားတယ်လေ"

Jiminလဲထွက်သွားမယ်လုပ်ရောလက်ကိုလှမ်းဆွဲထားတာကြောင့်

"ခင်များကျုပ်လက်ကိုအခုလွှတ်လိုက် Kim Tae Hyung
ဖယ်စမ်း ခင်များရဲ့ညစ်ပတ်နေတဲ့လက်တွေနဲ့ကျုပ်အသားကိုမထိနဲ့ ရွံတယ်"
"ကိုကိုမင်လေးကိုရှင်းပြစရာတွေအများကြီးရှိတယ် မင်လေးကိုကိုပြောတာခဏလေးနားထောင်ပေးပါနော်မင်လေးကိုကိုတောင်းပန်ပါတယ်"
"ဘာတွေထပ်ပြီးလိမ်ချင်နေသေးတာလဲKim Tae Hyung shi"
"မင်လေး ကိုကို့ကိုဘယ်လိုတွေခေါ်နေတာလဲကွာ အရင်လိုကိုကိုလို့ပဲခေါ်ပါ"
"ခင်များကိုအဲ့လိုခေါ်ရမယ် ဟားဟား ခင်များရူးနေတာလား ခင်များမိန်းမကိုအဲ့လိုခေါ်ခိုင်းလေ"
"အဲ့ကိစ္စအတွက်ကိုကိုမင်လေးကိုတောင်းပန်ပါတယ် ကိုကိုရှင်းပြတာလေးနားထောင်ပေးပါ"
"ဖယ်စမ်း ခင်များရဲ့အလိမ်အညာစကားတွေကိုနားထောင်စရာဘာအကြောင်းမှမရှိဘူး ခင်များလဲခင်များဘဝနဲ့ခင်များရှိနေပီပဲ အခုချိန်မှလာပြီးကျုပ်ရဲ့အေးချမ်းနေတဲ့ဘဝကိုလာဖျက်ဆီးချင်နေရတာလဲ"
"ကိုကိုဖျက်ဆီးဖို့လာခဲ့တာမဟုတ်ပါဘူးမင်လေးရယ် ကိုကိုမင်လေးကိုထိခိုက်မှာစိုးလို့ပါ အဲ့ဒါကြောင့်မို့"
"ခင်များပါးစပ်ပိတ်ထား😐"
"မင်လေး"
"မခေါ်နဲ့အဲ့နာမည် မင်လေးဆိုတဲ့လူကလွန်ခဲ့တဲ့1နှစ်ကျော်ထဲကသေသွားခဲ့ပြီ အခုချိန်မှာကျွန်တော့်မှာကျွန်တော်သိပ်ချစ်တဲ့ချစ်သူရှိနေပြီ"
"မင်လေးလိမ်နေတာ ကိုကိုသိတယ် မလိမ်ပါနဲ့မင်လေးရယ် ဟိုးနေ့တုန်းကမင်လေးကိုကို့ကိုတမင်သက်သက်အရူးကွက်နင်းသွားတာကိုကိုသိတယ်"

ချစ်ခွင့်လေး🧡 || 𝐉𝐢𝐤𝐨𝐨𝐤Where stories live. Discover now