အပိုင်း(၆)

3K 236 5
                                    


မျက်လုံးများမှိတ်သည်အထိရီနေတဲ့အကောင်ပေါက်လေးကိုအသည်းယားလွန်းသဖြင့်Jungမျက်လုံးများမှိတ်သည်အထိရီနေတဲ့အကောင်ပေါက်လေးကိုအသည်းယားလွန်းသဖြင့်Jung Kookတစ်ယောက်Jiminနှုတ်ခမ်းလေးကိုနမ်းလိုက်မိသည်
________________________________________________________
ချစ်သူနှစ်ယောက်ကြည်နူးနေတာကိုအကွယ်ကနေချောင်းကြည့်ပြီးလက်ကအကြောတွေထောင်သည်အထိလက်သီးဆုပ်ပြီးကြည့်နေတဲ့လူတစ်ယောက်လဲရှိနေလေသည်
မင်လေးရာ ကိုကိုမကျူးလွန်ခဲ့တဲ့အမှားတစ်ခုကိုကိုကိုပေးဆပ်နေတာအဲ့ဒါတွေကိုမင်လေးကိုမသိစေချင်လို့ကိုကိုလိမ်ခဲ့မိတာကိုကိုအခုပြန်ရလိုက်တာတွေကမင်လေးရဲ့အမုန်းတွေတဲ့လားကိုကိုမင်လေးကိုချစ်တယ်ကိုကိုမင်လေးကိုနောက်ထပ်အဆုံးရှူံးခံတော့မှာမဟုတ်ဘူးမင်လေး...........

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အချိန်တွေမည်မျှကြာအောင်နမ်းမိသည်မသိရင်ခွင်ထဲကအကောင်ပေါက်လေးရဲ့လက်သီးသေးသေးလေးနဲ့ထုမှလွှတ်ပေးလိုက်တယ်

"လူဆိုးကောင်"
"ချစ်လွန်းလို့ပါဗျာ"
"😊😊"

စာကြည့်တိုက်ထဲတော်တော်ကြာသွားပြီဖြစ်သဖြင့်စာသင်ဆောင်ဘက်ကိုပြန်လာခဲ့ကြတယ်

"Hyung လက်ပေး"
"လက်ပေးရအောင် ငါကခွေးလား"
"ဟာ အဲ့လိုမဟုတ်ဘူးလေ လက်ကိုင်ပြီးလျှောက်ချင်လို့ အဲ့လိုပြောတာပါ"
"ငါ ငါ"
"ဘာလဲhyungကလူကိုနမ်းတုန်းကအရင်နမ်းပြီးအခုကျပလစ်ချင်နေတာလား"
"အ့ နာတယ်hyungရဲ့ဘာလို့ရိုက်တာလဲ"
"မင်းကပေါက်ကရတွေပြောနေတာလေ"
"Hyungကကကျွန်တော့်လက်ကိုင်ရမှာမကြိုက်ဘူးလား"
"ခွေးကောင်လေး ငါရှက်လို့ဟ"
"ရှက်ရင်မောင့်ရင်ခွင်ထဲလာ"
"တော်တော်စကားတတ်နေတယ် ဟတ်လား"

Jiminလဲရှေ့ကနေထွက်လာလိုက်တယ်

"Hyung မောင်ရဲ့ပိစိလေး အသည်းအသက်လေး စောင့်ပါဦး"
"ဘာလို့လူကြားထဲအော်ဟစ်နေတာလဲ အရှက်ကိုမရှိဘူး"

တစ်လမ်းလုံးစလိုက်နောက်လိုက်နဲ့ရီသံလွင်လွင်လေးတွေကလဲလမ်းမထက်ပျံ့ကြဲလျက်.....

"Hyung အချိန်ပိုင်းအလုပ်သွားမှာမလား မောင်လိုက်ပို့ပေးမယ်လေ"
"အင်း"
"မောင်တစ်ခုလောက်မေးလို့ရမလား"
" ငါဘာလို့အချိန်ပိုင်းအလုပ်ဘာလို့လုပ်နေလဲဆိုတာလား"
"မောင့်ရဲ့ပိစိလေးကတော်လိုက်တာ မောင်မေးမှာကိုဘယ်လိုသိနေတာလဲ အာ့မို့မောင်ကချစ်နေရတာ"
"တမောင်မောင်နဲ့ဘာဖြစ်နေတာလဲ တကယ် ပိုကိုပိုတယ်"
"တကယ်တော့မောင်ကhyungကိုအလုပ်မလုပ်စေချင်ဘူး
အလုပ်ကညနက်တော့မောင့်ပိစိလေးပင်ပန်းမှာစိုးလို့ မောင်ရှာကျွေးနိုင်ပါတယ်"
"သူတောင်မိဘလုပ်စာထိုင်စားနေပြီး"
"မောင့်အဖေရှာသမျှကမောင့်အတွက်လေ မောင့်အတွက်ဆိုတော့မောင့်ပိစိလေးအတွက်လဲပါတာပေါ့"
"တော်ပါ သူကိုယ်တိုင်ရှာတာလဲမဟုတ်ပဲနဲ့ "
"မောင်တကယ်ပြောတာ မောင့်ပိစိလေးကိုအလုပ်မလုပ်စေချင်ဘူး "
"ငါကဒီအလုပ်ကိုပိုက်ဆံမရှိလို့လုပ်နေတာမဟုတ်ပါဘူးကွာ
လွတ်လွတ်လပ်လပ်နေချင်လို့ daddyကကျောင်းပြီးတာနဲ့သူ့အလုပ်ကိုဦးဆောင်စေချင်တာလေအဲ့တော့လုပ်ငန်းခွင်ထဲမဝင်ခင်ငါလုပ်ချင်တာလေးတွေလျှောက်လုပ်နေတာ"
"Hyungအဖေကဘာအလုပ်လုပ်တာလဲ"
"Hotelပိုင်ရှင်ပေါ့ hyungတို့ကဘူဆန်မှာနေတာလေငါကအိမ်ကပိုက်ဆံမယူပဲအချိန်ပိုင်းအလုပ်ကရတဲ့ပိုက်ဆံနဲ့ကျောင်းတက်နေတာ"
"မောင်ရဲ့ပိစိလေးကလဲထူးဆန်းသားနော်"
"Wae yo?"
"နောင်တစ်ချိန်hotelလုပ်ငန်းကိုဦးစီးမယ်ဆိုပြီးယူထားတဲ့မေဂျာကစာပေမေဂျာ ပိုက်ဆံရှိရဲ့သားနဲ့လဲ ကိုယ့်ပိုက်ဆံကိုယ်ရှာပြီးကျောင်းတက်တယ် မောင်တော့မောင်ပိစိလေးရဲ့အတွေးအခေါ်တွေကိုလိုက်မမှီတော့ဘူးအဲ့လိုတွေလုပ်နေတာကိုလဲခွင့်ပြုတဲ့hyung အဖေကိုလဲအံ့ဩတယ် ဒီလောက်ချစ်ဖို့ကောင်းတဲ့သားလေးကိုSeoulမှာတစ်ယောက်ထဲလွှတ်ထားတယ် သူမို့လို့စိတ်ချတယ် မောင်ကတော့စိတ်မချပါဘူး ဒီပိစိလေးကို အမြန်ဆုံးလက်ထပ်မှပဲ"
"လူကဖြင့်ကျောင်းမပီးသေးဘူး ရွနေ"
"ဘာဖြစ်လဲရွရွပဲ မောင်ရဲ့ပိစိလေးမို့လို့မောင်ကရွတာလေ တခြားသူတွေနဲ့ရွတာကိုhyungမြင်ဖူးလို့လား မောင်ကမောင့်ပိစိလေးတစ်ယောက်ထဲကိုပဲချစ်တာ မောင့်ပိစိလေးကလွဲလို့ကျန်တဲ့လူတွေကိုဖွဲနဲ့စကွဲပဲ"
"မင်းကလေသိပ်စကားများတာပဲ😄😄"

ချစ်ခွင့်လေး🧡 || 𝐉𝐢𝐤𝐨𝐨𝐤Where stories live. Discover now