Taeနဲ့ချိန်းထားတဲ့ဆိုင်ကိုရောက်တော့Taeကအရင်ရောက်နှင့်နေပြီဖြစ်တော့သူ့ရှေ့ကခုံမှာဝင်ထိုင်လိုက်ပြီး"ကျွန်တော်ရောက်ပြီ ဘာပြောမှာလဲပြော"
"ပြောမှာပေါ့ မင်းကလဲအခုပဲရောက်တယ်""မြန်မြန်ပြောအချိန်မရှိဘူး"
"မင်းငါ့ကိုစိတ်ဆိုးနေတာလား"
"အဲ့ဒါမေးမို့ ဒီအထိခေါ်တာလား""မင်းကလဲစိတ်ကြီးပဲ မင်းကငါ့ကိုစကားကောင်းကောင်းမပြောလို့လေငါ့ကိုများစိတ်ဆိုးနေသလားလို့"
"စိတ်ဆိုးနေတာမဟုတ်ဘူး ဒေါသထွက်နေတာခင်များကhyungနားမှာနေပြီးhyungဆီကနေအခွင့်ကောင်းယူနေလို့ဒေါသထွက်နေတာ"
"အဲ့လိုဆိုရင်မင်းမှားသွားပြီJung Kook"
"ဘာမှားတာလဲ ကျွန်တော်ပြောတာအမှန်တွေပဲ""မင်လေးကဦးနှောက်ကမင်းကိုသတိမရပေမယ့်နှလုံးသားကတော့မင်းဆီမှာပါ"
"ဘာ""ဟုတ်တယ်Jung Kookမင်လေးနှလုံးသားကမင်းဆီမှာမင်းကိုဦးနှောက်မေ့သွားပေမယ့်သူ့နှလုံးသားကမင်းကိုမမေ့ဘူးမင်းမရှိတဲ့အချိန်မှာမင်လေးကငါ့ကို ဒီလိုပြောခဲ့တယ်"
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Jiminတစ်ယောက်ပြတင်းပေါက်ကနေအပြင်ဘက်ကိုငေးကြည့်နေတုန်း
"မင်လေး ဘာတွေတွေးနေတာလဲ"
"ကိုကို မင်လေးဒီရင်ဘတ်ထဲကနာနေတယ်"
"ဟင် နာနေတယ်ဘာလို့လဲ ကိုကိုဆရာဝန်သွားခေါ်ပေးမယ်ခဏလေး""မဟုတ်ဘူး အဲ့လိုနာတာမဟုတ်ဘူး Jung Kookကြောင့်"
"ဟင် Jung Kookကြောင့်""ဟုတ်တယ် သူကပြောတယ်မင်လေးကသူ့ချစ်သူတဲ့ သူပြောတာဖြစ်နိုင်လောက်တယ် သူ့မျက်ဝန်းတွေကိုကြည့်ရင်မင်လေးသိတယ် မင်လေးသူနဲ့တွေ့တိုင်းရင်ခုန်တယ် သူမင်လေးကိုမင်လေးတို့နှစ်ယောက်ရဲ့ပတ်သတ်မှုကိုပြောပြတိုင်းဒီရင်ဘတ်ထဲကနေနာလာပြီးရင်ထဲမှာမွန်းကြပ်လာတယ်မင်လေးဘာတွေမေ့နေလဲမင်လေးမသိဘူးဘာလို့ကိုကို့ကိုပဲသတိရပြီသူ့ကိုမေ့နေလဲမသိဘူး မင်လေးအမှန်အတိုင်းပြောရရင်ကိုကို့ကိုရင်မခုန်ဘူးမုန်းသလိုလိုကြီးခံစားရတယ်ဘာလို့ကိုကိုလို့ခေါ်နေမိမှန်းလဲမသိဘူး ကိုကိုနဲ့အရင်ကချစ်သူတွေဖြစ်ခဲ့ဖူးတာကိုတော့မှတ်မိတယ် ဒါပေမယ့်မုန်းနေတဲ့ခံစားချက်ကြီးပါတွဲပါလာတာ"