Yuriရဲ့ကိုယ်ဝန်အတုကိုဘယ်လိုဖော်ထုတ်ရမလဲစဉ်းစားနေတဲ့Taeကအကြံရသွားပြီးcompanyမှအိမ်ကိုပြန်လာခဲ့သည်။
အိမ်ရောက်တဲ့အခါTaeကဧည့်ခန်းထဲမှာအကုန်လုံးထိုင်နေကြတာကိုတွေ့ပြီးသူ့အကြံကိုအကောင်အထည်ဖော်ဖို့ဧည့်ခန်းမှာဝင်ထိုင်လိုက်သည်။"သား ပြန်လာတာနောက်ကျတယ်နော်"
"ဟုတ်တယ်အမေ Yuriက ကိုယ်ဝန်ရှိနေပြီဆိုတော့ကျွန်တော်ကကိုယ်ဝန်ဆောင်တွေကိုဘယ်လိုဂရုစိုက်ရမလဲဆိုတာမသိလို့ကျွန်တော့်အသိဆရာဝန်ဆီကိုသွားမေးနေတာလေ"
"အံမယ် တယ်ဟုတ်ပါလား မနက်ကကျတော့သောင်းကျန်းသွားပြီးတော့"
"အမေကလဲဒါကျွန်တော့ရင်သွေးလေးပဲလေ ဟုတ်တယ်မလား Yuri"
Yuriကမရှိသည့်ကိုယ်ဝန်ကို ကိုင်ပြီးမျက်စိမျက်နှာပျက်နေကာ
"ဟုတ်တာပေါ့ oppaကလေးလေးပဲဟာ""အဲ့ဒါကြောင့်ကျွန်တော်ကမနက်ဖြန်ကျရင်OGနဲ့သွားပြဖို့စီစဉ်ထားတယ်အမေ ultrasoundရိုက်ရအောင်လို့"
ပြောပြီးYuriကိုမထီကြည့်ကြည့်လိုက်တဲ့အခါYuriကမျက်နှာတွေပျက်နေပြီးTaeအမေရှေ့မှာသိသာမှာစိုးတဲ့အတွက်
"Oppaကလဲအခုချိန်ကဘယ်လိုလုပ်ultrasoundရိုက်လို့ရဦးမှာလဲ"
"သားပြောတာမှန်တယ်သမီးမနက်ဖြန်Ultrasoundသွားရိုက်လိုက်သမီးကြောက်နေမှာစိုးလို့အမေလိုက်ခဲ့ပေးမယ်"
"ရှင် !!!မဖြစ်ဘူး"
"ဘာဖြစ်လို့လဲ သမီးရဲ့"
"မနက်ဖြန်Yuriရဲ့သူငယ်ချင်းတွေကိုချိန်းထားလို့ပါကိုယ်ဝန်ရှိပြီဆိုတဲ့အကြောင်းကြွားမို့"
"အော် ဒါများသမီးရယ်ဘာလို့အလန့်တကြားထအော်ရတာလဲအမေဖြင့်လန့်သွားတာပဲ"
Taeကတော့Yuriကမ္ဘာပျက်နေတာကိုကြည့်ပြီးစိတ်ထဲမှာကြိတ်ပြုံးနေမိသည်
*Kim Yuriမင်းအကြံလောက်တော့ငါသနားတယ်မင်းရဲ့ကိုယ်ဝန်အတုကိုရအောင်ဖော်ထုတ်ပြမယ်*
Yuriကဘယ်လိုမှဟန်မဆောင်နိုင်အောင်စိုးရိမ်နေသဖြင့်
"အဖေနဲ့အမေYuriနားချင်လို့သွားနားတော့မယ်နော်"
"အေးအေးဂရုစိုက် သားမိန်းမကိုလိုက်ပို့ပေးလိုက်ဦးလေ"
![](https://img.wattpad.com/cover/278172940-288-k132288.jpg)