ဇိုးဇစ်ပြောခဲ့ပြီးပြီဘဲ ပန်းတုရင်က သူ့အပိုင်ပါလို့။ ဒီတော့ ၊ သူပိုင်တဲ့
ပန်းတုရင် ကို သူလုပ်ချင်လိုသာ လုပ်နေတော့တယ်၊
အခုလဲ ပန်းတုရင်ကို ထိုင်ခိုင်းပြီး ၊ ခြေသဲနီဆိုးပေးနေတယ်တဲ့..။သေချာကို ကျမ်းပြင်ပေါ်ထိုင်ပြီး စိတ်ပါလက်ပါ ဆိုးပေးနေတာ...။
ဒေါက်>>ဒေါက်>>
"သခင်လေး ၊သခင်လေးရဲ့သူငယ်ချင်းဆီက ဖုန်းလာတယ်"
"ပေး"
ခြေသဲဆိုးပေးနေတာကို ရပ်ပြီး အခန်းပြင်ဘက် စကားထွက်ပြောလေသည်။
..........................."ဒီနေ့ည မင်း ငါနဲ့အပြင်လိုက်ရမယ်"
"ဘယ်ကို သွားမှာလဲ?"
"တစ်ခြားတော့ မဟုက်ဘူး ငါ့သူငယ်ချင်းတွေနဲ့ချိန်းထားတယ်"
"သူတို့က ငါ့ကိုတွေ့ချင်တယ်တဲ့ မင်းလိုက်ခဲ့ရမယ်"တကယ်ဆို မသွားချင်ဘူး...၊
"ကျွန်မ မသွားလို့ မရဘူးလား""မင်း မသွားဘဲ နေခဲ့ရဲလား"
ဇိုးဇစ်ကိုက စိတ်တိုအောင် လုပ်လို့မရဘူး ၊ ပြီးတော့ ခနလေးနဲ့ သူက
စိတ်တိုလွယ်တဲ့သူ..။
"ကျွန်မ လိုက်ခဲ့မယ်"ဟင်း~
"အဲ့လို လိမ်မာမှပေါ့"သူ့နှုတ်က ထွက်တဲ့စကားကို အမိန့်လို နားထောင်မှ သူကြိုက်တာ
ဘုရင် မဟုက်ဘဲ ဘုရင်ဖြစ်ချင်နေတာလေ...။>>>>>>>>>>>>>
ညနေ ၅နာရီထိုးတော့ ၊ပန်းတုကို အရောင်မတောက်တဲ့ ဂါဝန်(မဟုက်)
စကပ် တွေဘဲ သူခိုင်းတယ်၊ သူဝယ်ထားတာတွေကလဲ လှပြီး အသာရေး ကောင်းတဲ့ ဝတ်ဆုံမျိူးလေ..၊
မျတ်လုံးထဲရှင်းပြီး ပေါ့ပါးနေအောင်ပေါ့။"မင်း ဘာလို့ လည်ဆွဲကို မဆွဲတာလဲ"
"ငါ ဝယ်ပေးထားတာတွေ မကြိုက်လို့လား""မဟုက်ပါဘူး"
သူဝယ်ပေးထားတာတွေကို တစ်မူထူးပြီး သူ့အလှနဲ့သူ ရှိကြတယ်
ဒါပေမယ့် ကိုယ်နဲ့လိုက်ပါ့မလားဘဲ..။"ဒါဆို...ဒီလည်ဆွဲက မင်းနဲ့လိုက်ဖတ်တယ် ငါဝတ်ပေးမယ်"
ဇိုးဇစ် ရွေးလိုက်တဲ့ လည်ဆွဲလေးက ကြိုးအမျှင်သေးပြီး စိန်ရောင်
တောက်ပနေတဲ့ လည်ဆွဲလေး ညအမှောင်မှာ အရမ်းပေါ်လွှင်တယ်။