u်ိဴေoာ္စm် (or) Psycho
{Ep 28}
°º¤ø,¸¸,ø¤º°'°º¤ø,¸,နေဝင်ရိုးရဲ့ညနေခင်း အလှမှာ ၊လူစုလူဝေးက အများပြား...
တင့်တယ်လွန်းတဲ့ စံအိမ်ကြီး အတွင်းမှာ လှပတဲ့ အပြင်ဆင်တွေနဲ့
ခန်းနားလှတဲ့ စေ့စပ်ပွဲကြီးက လူအများအားကျရလောက်တယ်၊ဒေါက် ဒေါက်။
"ဇိုးဇစ် မင်းပြင်ဆင်ပြီပြီးလား"ဇိုးဇစ်ရဲ့အခန်းဝကနေ မေးလိုက်တဲ့ ဖခင်ကို ကိုယ်လုံးပေါ်မှန်ကနေ
ကြည့်ရင်း၊ အသံတိတ်နေလေသည်။"စေ့စပ်ပွဲကို မင်းမဖျတ်ဆီးလိုက်မို့ မျော်လင့်တယ်"
"ဒီနေ့လုပ်ရပ်က မင်းရဲ့နောင်ရေးနဲ့ဆိုင်တယ်"
"ငါ မင်းကို ကောင်းကောင်းမွန်မွန် လူလိုနေစေချင်တာပါဘဲ"
"မင်း မငြင်းခဲ့တာ ငါ့ကို အံအားသင့်စေတယ်"
"မင်း ဟိုမိန်းခလေးကို လက်လွတ်နိုင်ပြီပေါ့"ဇိုးဇစ်ရဲ့စိတ်ထဲ လျှောင်ရယ်လိုက်လေသည်။
"အဖေလိုချင်တာက စေ့စပ်ပွဲ"
"ငြင်းနေလို့လဲ အချိန်ဖြုန်းရုံဘဲ ရှိတာ... လိုချင်တာကို ပေးလိုက်တာမှ
"မြန်တဲ့ဖြေရှင်းနည်းဘဲလေ""မင်း စိတ်မပါဘူးလား?"
"စိတ်ပါတာမပါတာ...၊ အဖေဂရုဆိုက်ဖူးလို့လား"
"လူလိုနေရမယ် နောင်ရေး...၊ ပြောလိုက်တဲ့ စကားလုံးတွေက လှပါတယ်"
"ဒါပေမယ့် မလိုက်ဖတ်ဘူး"
"ကျွန်နော့်ကို ငယ်ငယ်ကတည်းက သာမှန်လူလို နေနိုင်အောင်"
"သင်ပေးခဲ့ဖူးလို့လား""ဇိုးဇစ်!"
"အဖေလိုချင်တဲ့ စေ့စပ်ပွဲက စတော့မှာမလား"
"ကျွန်နော် မျတ်နာထွက်ပြရမှာမို့ ခွင့်ပြပါဦး""မင်းအခုထိ ငါတို့ကို အပြစ်တင်နေတုန်းလား'"
"မတင်ရဲပါဘူး"
အခုထိ သားအဖတွေ မျတ်လုံးမစုံခဲ့ကြဘူး၊
ဇိုးဇစ်ကလဲ အပြစ်တင်နေသေးသလို အဖေလုပ်သူကလဲ သူ့လုပ်ရပ်ကို
ပြန်ပြင်မို့ ကြိုးစားနေစဲ...
ဝတီခင်ကို သက်လိုက်တယ်ဆိုတဲ့ အသံကြားတော့ ၊ ကိုယ့်သားကိုတောင် ပြန်လန့်နေမိတယ်၊ ဒီကလေးက ငယ်ငယ်ကတည်းက
အချစ်မဲ့လာပါလား ဆိုပြီးတော့....၊