အင်းအားတွေရုပ်ခမ်းနေတဲ့ ပန်းတု။ မိခင်ရဲ့အခန်းထဲ သိမ်းဆည်းကာ
ပြိုကျလာတဲ့ မျတ်ရည်တွေကို မထိမ်းနိုင်တော့ပေ...။"အစ်မ..."
"ရှင်းသန့် အရင်ဆုံး အမေ့အဝတ်စားတွေ ဗီဒီုထဲထည့်လိုက်"
အစ်မ အမေ့အခန်းထဲမှာနေနေတာ ၂ရက်ရှိပြီ ခေါက်ပြီးသား
အဝတ်စားတွေကိုလဲ ပြန်ခေါက်ပြီး ငေးငိုင်နေတာ ၊
အမေ့ရဲ့ရက်လည်မှာ ဘယ်သူမှ မလာခဲ့ဘူး။ အမေ့ရဲ့အမျိူးတွေက
အမေ အဖေနဲ့လပ်ထပ်လိုက်ကတည်းက အမွေဖြတ်ထားတာဆိုတော့
သားသမီးဖြစ်တဲ့ ငါတို့ကိုလဲ မပြောပြဖူးဘူး။ အဖေ့ရဲ့အမျိူးတွေကတော့ ပိုဆိုးပေါ့...အဖေက အမေနဲ့ကွာရှင်းပြီပြီး ၊
ဒီကဗ္ဘာမှာ ငါနဲ့အစ်မသာ နှစ်ယောက်ထဲကျန်ခဲ့ပြီ။"ဒါက ဘာလဲ..?"
"အစ်မ...၊ ပိုက်ဆံတွေ..."အဝတ်ဗီဒိုအထဲကမှ သံဗူးလေးကြောင့် ဖွင့်ကြည့်လိုက်တဲ့အခါ။
ပန်းတု မိခင်ကို ဆေးဖိုးဆိုပြီး ပေးထားတဲ့ ပိုက်ဆံတွေက အလိမ့်လိုက်
ကလေးကို ဖြည်တောင်မဖြည်ထား။"အမေ့ရဲ့ ပိုက်ဆံတွေ...အမေ အစကတည်းက ဆေးမဝယ်သောက်ခဲ့ဘူး"
"အမေက အစ်မရှာထားတဲ့ပိုက်ဆံတွေကို မသုံးရပ်ဘူး"
ထွက်သွားတဲ့သူထက် ကျန်နေခဲ့တဲ့သူက ပိုပြီးခံစားရသည်။
အခုလဲ ရင်ထဲတစ်ဆစ်ဆစ်နာမိသည်။ မိခင် အမြဲတမ်း ဆေးသောက်နေခဲ့တယ်ဘဲ ထင်နေခဲ့တာ။
အငယ်ရှေ့မှာ မငိုချင်ဘူး၊ ကိုယ်ငိုရင် သူကပါ လိုက်ငိုမှာ၊
အမေ ဆုံးပြီးနောက် ရှင်းသန်လဲစားမဝင် အိပ်မပျော်ခဲ့သာ.သိပေမယ့်
ပန်းတုလဲ ဘာမှမတတ်နိုင်ခဲ့ဘူး။"ကျွန်နော်တို့ ဘယ်လိုလုပ်မလဲ"
"အခု ကျွန်နော်တို့ နှစ်ယောက်ထဲဘဲ ရှိတော့တယ်""ရှင်းသန့်..."
မောင်လေးလုပ်သူကို ဖတ်ပြီးတော့ နှစ်သိမ့်နေရတာ ကိုယ်တိုင်ကလဲ
ရင်ထဲ မချီမဆန့်ကြီးခံစားနေရလွန်းလို့ အသက်တောင် ပုံမှန်မရှုနိုင်ဘူးအသိမရှိတဲ့ ပက်ဝန်းကျင်မှာ ၊ လူသိပ်မလာတဲ့ နာရေး ။
တာဝန်ယူနေရတဲ့ လူငယ်နှစ်ဦး ၊ လူ့ဘဝကြီးက ပြေးထွက်သွားချင်
မိသည်။ ဘယ်လိုကြောင့် ဒီလိုတွေ ဖြစ်သွားခဲ့တာလဲ....။