ဒါရော ဇော်ဂျီလား?

1.6K 76 7
                                    

Uျိုေoာ္စm် (or) Psycho
                (EP 12)

Hotel တစ်ခုမှာ ညစာ ဘိုကင် လုပ်ထားတာမို့ ၊ အချိန်ကိုက်သွား
ရုံဘဲ ဖြစ်သည်။ la voiture noire ကားထဲကနေ ထွက်လာပြီးနောက် ၊ ဇိုးဇစ်ရဲ့လက်ကလေးကိုချိတ်လို့ ယှတ်တူလျှောက်လှမ်းလာလေသည်။

အခုတော့ မင်း အထင်သေးတဲ့ကောင်လေး လက်ထဲ ရောက်နေပြီ။
ဒီညရဲ့မင်းက တမူထူးခြားပြီး လှတယ် ၊ အဲ့ခံစားချက်က
ပိုင်ဆိုင်ချင်တယ်..ဟုက်တယ် ငါမင်းကို မူပိုင်လုပ်ပြီး ကောင်းကောင်း
ကစားပြမယ်~~!

"လူကြီးမင်း တို့မှာထားတာတွေ ရပါပြီ"

"စားစရာတွေက အများကြီးဘဲ ကျွန်မတို့ နှစ်ယောက်ထဲ ကုန်ပါ့မလား"

"ကုန်အောင် စားစရာ မလိုပါဘူး"
"စားနိုင်သလောက်ဘဲစား...မင်း ဘာကြိုက်တက်မှန်း မသိလို့ အများ
ကြီးမှာလိုက်တာ"

အားလုံးက ဇိုးဇစ်ဘဲ ကုန်ကျခံတာဆိုတော့...ပန်သတု အားနာသလိုဟန် တွန့်ဆုက် တွန့်ဆုက် ဖြစ်နေလေသည်...။

"ဟင်းတွေ မင်းကြိုက်ရဲ့လား"

"ဟုက် ကြိုက်ပါတယ်"

ဒီအချိန်မှာ ဇိုးဇစ်ဟာ သာမှန်လူတစ်ယောက်လို အဖော်ပါတဲ့ ဘဝရဲ့အရသာကို ခံစားနေလေသည်။
နာမည်ကြီးတဲ့ Hotel မှာ အရင်းနှီးဆုံး လူနဲ့အတူ စားသုံးနေရတာ
ဇိုးဇစ်လိုချင်နေတဲ့ အရာ....

ညအလှကို ကြည့်ရင်း အိမ်ကိုပြန်တယ် ၊ အိမ်ထဲမှာ ကိုယ်သဘောကျ
တဲ့လူတစ်ယောက်က အတူရှိနေတယ်ဆိုတဲ့ အသိကဘဲ လူကိုစိတ်ရွှန်စေတာ...။

                      """"""""""""""""""
ပန်းတုရဲ့နှလုံးသားကို အနိုင်ရမို့က မလွယ် ဒါပေမယ့်လဲ
ဇိုးဇစ်လိုချက်တဲ့အရာ ပန်းတု သူ့အပေါ် စိတ်ဝင်စားမှုကို လိုချင်နေသည်။

"အလုပ်ရှာနေတာလား...အဆင်ပြေတာ တွေ့ပြီလား"

"ဟင့်အင်း မတွေ့သေးဘူး"

ပန်းတုထိုင်နေတဲ့ သီးသန့်ဧည့်ခန်းလေးကဆိုဖာပေါ် ခြောထောက်ကာ
ဆိုဖာလက်တန်းမှာမှီရပ်နေလိုက်နေလိုက်သူ ဇိုးဇစ်။
လက်ထဲက အအေးခွက်လေးကိုလဲ ပန်းတုထံပေးရင်းပေါ့။

ပျို​တော်​စက်​ (Or) PsychoWhere stories live. Discover now