Uျိူေoာ်စm် (or)Psycho
{Ep 26}အိမ်ထဲနဲ့ပန်းခင်းဘဲ သွားလိုက်လာလိုက်လုပ်ရင်း။ ပန်းတုမှာ ဘာမှ
မယ်မယ်ရရ လုပ်စရာ ဆိုတာ မရှိ...နေ့တိုင်း ဇိုးဇစ်နား နေပေးရုံဘဲ
သူကတော့ မငြီးငွေ့ဘူးလား မသိဘူး ၊ ကိုယ်တော့ ပျင်းရိလာပြီ။"ငါ ဂေါက်ကွင်းသွားမလို့ မင်းလိုက်ချင်လား"
ဘယ်တုန်းကမှ ဘာလုပ်ချင်လဲ မမေးဘဲ သူလုပ်ချင်တာကိုဘဲ ဇွက်လိုက်လုပ်ခိုင်းတဲ့ သူက လိုက်ချင်လားတဲ့!! ထူးထူးဆန်းဆန်း???
"ကောင်းတာပေါ့"
အဖြူဝတ်ဆုံ ဆင်တူလေးတွေကို သူဘယ်တုန်းက ဝယ်ထားလဲ
မသိဘူး ၊ သူက ဒါဝတ်ဆို ဝတ်လိုက်တာမို့ တစ်ခြို့အဝတ်တွေကို
သတိတောင် မထားခဲ့ပါဘူး။
အခုတော့ အတွဲလို ဆင်တူလေးနဲ့ ဂေါက်ကွင်း ရောက်ခဲ့လေပြီ။ကားနီလေးကို ကားပါတင်မှာထိုးပြီး ဂေါက်ကွင်းထဲ ဝင်လာတော့...
"ဟျောင့် ငဇိုး မင်းနောက်ကျ...??
"ကောင်မလေးပါ ပါလာတာလား""မင်း တစ်ခါမှ ကောင်မလေးတွေ မခေါ်လာတက်ပါဘူး"
"ဒီတစ်ယောက်က ဟိုတစ်နေ့က တွေ့တဲ့တစ်ယောက်မလား"
"တွဲတာ ကြာသားဘဲ...""ဒါပေမယ့် ငါတို့ သူ့ကိုမြင်ဖူးသလိုဘဲနော်"
"ဆူးစမ်းနေတာ တော်တော့ ၊ မင်းတို့ဂေါက်ရိုက်မှာလား"
"မင်းတို့ခေါင်းကို ငါရိုက်ကမလား""အေး အေးပါကွာ မင်းကလဲ စိတ်ကြီးဘဲ"
သူတို့ လေးယောက် ဂေါက်ရိုက်နေကြပေမယ့် ကိုယ်က မရိုက်တက်တော့ ဘေးငနေ ထီးလေးဆောင်းပြီး လိုက်ဘဲ ကြည့်နေရတယ်။
"ဟယ်လို...ဇိုးဇစ်တို့ပါလား"
ဝေဝေနဲ့ချောတို့...!
"အိုး ဘယ်က ကောင်မလေးတွေလဲ ဇိုးဇစ်နဲ့သိတယ်ပေါ့"
"Exတွေများလား""တို့က ဇိုးဇစ်ရဲ့ကျောင်းနေဖက် သူငယ်ချင်းပါနော်"
"အော် ဇိုးဇစ် သူက ငါ့သူငယ်ချင်း ချောတဲ့ ၊ ချော သူက ဇိုးဇစ်
နင်တို့ တစ်ခါ တွေ့ဖူးပါသေးတယ်"