Unicode 🖇️🖇️
Edit - ဒီအပိုင်းက Tae ;pov // လေးနည်းနည်းရှည်သွားမယ်နော် အဆင်မပြေမှာစိုးလို့ ရယ်
မြန်ဆန်လွန်းတဲ့ ကံကြမ္မာအလှည့်အပြောင်းကြောင့် အခုဆိုရင်Jeon က သူ့အပိုင်လေး ဖြစ် လာခဲ့ ပြီ...
သူ Jeon ဆိုတဲ့ လူသား လေးကို ပိုင်ဆိုင် ခဲ့ရပြီ ဆိုတာ အိမ်မက်တခုလိုဘဲ ကြိုးစားခဲ့ရတာပေါ့ သူ Jeon ကို ပိုင်ဆိုင်ရဖို့ ခတ်ခတ်ခဲခဲကြီးကို ကြိုးစားခဲ့ရတာ ခင်ဗျားတို့သိလား Jeon က မာနာသရဖူဆောင်းထားတဲ့ သက်ညှာငယ်လေး Jeon က သူ့မှာရှိသင့်တဲ့ မာနတရားထက် လွန်ကဲနေတဲ့ အစိုင်ခဲလေးတစ်ခုဆ်ိုရင် ပိုလို့တောင်မှန်ပေလိမ့်မည်။သူ မထင်ထားတဲ့အရာတွေက Jeon နဲ့ ဆုံမှ ဆက်တိုက်ဆိုသလို စက်ကွင်းတစ်ခုအနေနဲ့ သူ့ထံ ကျရောက်လာခဲ့တာက ကနဉီးစွာ သူ Seoul ကိုပြန်လာဖို့ အကြောင်းဖန်လာခဲ့ခြင်းက ဒိုင်းအချတ် မသိစိတ်က သူ seoul ကို ပြန်လာဖို့ ဖိတ်ခေါ်နေခဲ့တာ ရှေ့ဖြစ်ဟောတွေမယုံတဲ့ ကျွန်တော့်ကို အနောက်နိူင်ငံ ဒူဘိုင်းမြို့ အလွန်က မှော်ဆရာမ တစ်ရောက်က ဖဲချတ် တွေနဲ့ ကျွန်တော့်ရဲ့ အနာဂါတ်ကို ကြည့်ပြီး သူ့အမြင်တွေကို ဖွင့်ဟ ပြခဲ့ဖူးတယ်
" မင်းရဲ့ဘဝက ဆင်းရဲခြင်းကင်းမဲ့ တယ် မင်းကြုံရမဲ့ အနာဂါတ်ဘဝမှာ မင်းရဲ့ အချစ်က ခတ်ခဲလိမ့်မယ် မင်း သူတစ်ပါးရဲ့ ပိုင်ဆိုင်ခြင်းကို ရယူတဲ့ သူ ဖြစ်လာမယ် မင်း ... မင်းရဲ့ မွေးရပ်မြေကို ပြန်ရင် သူနဲ့ ဆုံရမယ် ...." ဒီအခြင်းအရာတွေကို ကြားခဲ့ရပေမဲ့ လူငယ်ပီပီ မယုံကြည်ခြင်းရဲ့ ဇာတိဖြစ်ရာဘေးချိတ်ခဲ့မိတယ် သို့ပေမဲ့ ထိုအရာရဲ့ ဖြစ်ရပ်တစ်ခုစီတိုင်းက လက်တွေ့မှာ ရုပ်ပြအနေနဲ့ ဖြစ်လာနေပြီဆိုတော့ မယုံချင်တောင် သူယုံရတော့မှာ ရှေ့ဖြစ်ကို မယုံပေမဲ့ သက်ညှာငယ်နဲ့ ဆုံတွေ့ ခွင့်ပေးတဲ့ ကံကြမ္မာကိုတော့ သူယုံတယ် Jeon က သူ့အတွက်ဘဲ ဖြစ်ရမယ် ဖြစ်ခွင့်ပေးမဲ့ကံကြမ္မာကြီးကို သူယုံတယ်
...jeon ...jeon ကို ချဉ်းကပ်ရတာ မလွယ်ကူတဲ့ အရာတစ်ခု ရေပြင်မှာအရုပ်ရေးဆွဲ ခြင်းကသာ လွယ်ကူသွားပါလိမ့်မယ် သူ jeon နဲ့ ပတ်သက် ခွင့်ရဖို့ နည်းလမ်းတွေ အများအပြားနဲ့ မိတ်ဆွေ ဖွဲ့ ခဲ့ရတာ တစ်ခု အနေနဲ့ အဆိုးဆုံးက ထိခိုက်မခံခဲ့တဲ့ သူ့ရဲ့ မာန တွေအကုန် လုံးကို Jeon ရဲ့ခြေဖဝါးအောက် ရော့ နင်း လိုက် ဆိုသလို ပေးလိုက်ရတာ တန်ပါတယ် တန်တယ် Jeon အချစ်ကိုရဖို့ သူဒီအတိုင်းတာထိ ဖြစ်ထိုက်ပါတယ်
![](https://img.wattpad.com/cover/272834940-288-k456205.jpg)