Unicode။
နွားနို့ပူပူလေးတစ်ခွက်နဲ့အတူပေါင်မုန့်အဖြူနှစ်ချပ်ကိုယိုမသုတ်ဘဲအလွတ်ပြင်ဆင်ထားပြီး ဆေးထည့်ထားတဲ့ပန်းပန်အသေးလေးကထမင်းစားပွဲပေါ်တွင်ငြိမ်သက်စွာတည်ရှိနေသည်။ ဘေစင်ပေါ်မှာတင်ထားတဲ့ပန်းကန်အစအနတွေကဆေးကြောထားမူမရှိပဲဒီတိုင်းပြစ်ထားမှန်းသိသာလွန်းလှပါသည်။အထဲတွင်ညစ်ပတ်ပေရေနေကာမှိုပင်တက်လုနီးနီးဖြစ်နေသည်မို့အရင်ဆုံးထိုပန်းကန်တွေကိုဆေးဖို့ရန်အင်ကျီလက်ကိုတံတောင်ဆစ်နားအထိခေါက်တင်လိုက်ပြီးမီးဖိုအောက်ဗီရိုထဲကအေပရွန်တစ်ထည်ကိုယူဝတ်လိုက်သည်။
ပန်းကန်တွေကိုဆေးနေရင်းစားပွဲပေါ်ကနွားနို့ခွက်နဲ့ဆေးကိုတစ်ချက်ကြည့်ကာအပေါ်ထပ်လှေကားဝနားကအခန်းဆီသို့ပါအကြည့်ရောက်သွား၏။ သွားပေးလိုက်ရမလား ဒီတိုင်းမပေးပဲနေရမလားသူတွေးနေပေမဲ့လုက်လတ်စများပြီးမှသာတစ်ခါတည်းသွားဖို့ဆုံးဖြတ်လိုက်သည်။
ပန်းကန်များဆေးနေရင်းသူတွေးနေမိသည် မနေ့ကသူကော်ဖီဆိုင်မှာကင်မ်ထယ်ယောင်းနဲ့တွေ့ဖြစ်သည့်အချိန်ဆီသို့ ....
" ဂျောင်ဂုမှာရောဂါရှိနေတာ ခင်ဗျားမသိဘူးလား ကင်မ်ထယ်ယောင်း "
စားပွဲခုံပေါ်ကဆေးစာရွက်နဲ့ဆေးဗူးတွေက်ိုသာစ်ိုက်ကြည့်နေတဲ့ကင်မ်ထယ်ယောင်းကအလွန်အမင်းအံ့သြနေသည့်ပုံဆန်....
" ဂျောင်ဂု....... "
ရင်ခေါင်းထဲကလှိုက်လာတဲ့စကားလုံးများကပြင်ပသို့ဆက်ထွက်မလာ လည်ချောင်းဝမှာတင်တစ်ဆိုနေသည့်အလား....မျက်လုံးကိုမှိတ် လေပူများကိုမြိုချပြစ်တဲ့သူ့ပုံဆန်ကလုံးဝအဆင်မပြေတာမျိုး... လက်သီးဆုပ်နှစ်ဖက်ကိုတင်းကျပ်စွာစုပ်ထားတဲ့ကင်မ်ထယ်ယောင်းကသူ့မျက်နှာကိိုစိုက်ကြည့်ကာပူစွေးသောအသံသြရှရှဖြင့် ...
" သူ...ဖြစ်နေတာကြာပြီလား ...ဂျောင်ဂုလေ "
တိုးဖျော့လွန်းလို့သူကိုယ်တိုင်ပင်မနည်းနားထောင်နေရသည်။မျက်ရည်တွေဝဲနေတဲ့ကင်မ်ထယ်ယောင်းကငိုချင်သည့်စိတ်ကိုအတင်းချုပ်ထိန်းထားရသည့်အတွက်နှာသီးထိပ်များပင်ရဲတွတ်တာမျက်လုံးများကလဲရဲနေ၏...