EP{16}

486 72 40
                                    

Unicode

နေ့ရက်တို့ကတဖြည်းဖြည်းချင်းကုန်ဆုံးရင်း လအဖြစ်သို့ကုန်ဆုံးလာတယ် လမှတဆင့် အချိန်တစ်ခုထိကြာမြင့်လာတဲ့အခါမှာတော့ နှစ်အဖြစ်သို့ ပြောင်းလဲခဲ့ကြတယ်။ရက်တွေ လတွေ နှစ်တွေသာ တရွေ့ရွေ့ကုန်ဆုံးနေ ပြောင်းလဲနေခဲ့ပေမဲ့ မပြောင်းလဲဘဲတည်ရှ်ိနေခဲ့တာကတော့ လူသားတစ်ဉီးရဲ့ ရင်တွင်းတစ်နေရာက ချစ်ခြင်းတရားတစ်ခုသာပင်။ အချိန်ကြာမြင့်လေ ခံစားရတဲ့ဒီဝေဒနာဆိုးက ချစ်ရသူကိုမြင်ရမှသာလျှင်သက်သာနိုင်မှာမို့ ချစ်ရသူကိုသာ လွမ်းဆွတ်တမ်းတနေမိရင်းကျန်ရှ်ိနေတဲ့ သူ့ရဲ့ဘဝတစ်စိတ်တပိုင်းကိုဖြတ်သန်းနေမိသည်။သ်ို့သော်  ချစ်ရသူနဲ့က လက်လှမ်းမမှီနိုင်အောင်ဝေးခဲ့ပြီးပြီလေပြန်ဆုံတွေ့နိုင်ဖို့ဖြစ်နိုင်ပါ့အုန်းမလား မျှော်လင့်နေမိတာတော့အမှန်ပင်။

" ဒါလင် ကိုရီးယားကို ပြန်မလို့ဆို "

အဝါရောင် ဆွယ်တာအကျပ်ကို အဖြူရောင်ဂျင်းအပြော့သားနဲ့တွဲဖတ်ဝတ်ဆင်ထားပြီး လိူင်းအတွန့်ပုံဆန်ဖော်ထားတဲ့ ဆံနွယ်တွေနဲ့ဇမ်းမိယာက တော့ နူတ်ခမ်းသားရဲရဲတွေနဲ့ ပူပင်ကြီးစွာလှနေခဲ့သည်။ကိုရီးယားတူရကီကပြားတစ်ရောက်ဖြစ်တဲ့သူမ ရဲ့မျက်ဝန်းတွေကိုမြင်ရင် တချိန်က ကြယ်လေးတပွင့်လိုတောက်ပနေခဲ့တဲ့သူ့ရဲ့ ရပ်ဝန်းငယ်ကိုပြန်အမှတ်ရစေသည်။

ချစ်ခဲ့ကြတယ် ချစ်ခြင်းတရားကိုလဲ အတူတူပုံဖော်ခဲ့ကြတယ်
ဒါပေမဲ့ သာယာစပြုနေပြီဖြစ်တဲ့ အလင်းတန်းလေးတစ်ခုက အားနည်းစွာနဲ့ပဲရိုက်ချိုးခြင်းခံလိုက်ရတာကြောင့် အမှောင်ထုကကြီးစိုးသွားတယ် ဒီလို့ပါပဲ ချစ်ခြင်းတရားတစ်ခုမှာဘယ်လောက်ပဲ အချစ်စစ်နဲ့ချစ်ပြနေပါစေ ကံပါလာရင်ဝေးရစမြဲပဲ အချစ်စစ်ခဲ့ရင်တောင်မှပေါ့

"  ဟုတ်တယ် မေမေ့ရဲ့ နှစ်ပတ်လည်ကို ပြန်မလို့ "

မေမေဆိုလို့ သူတို့ရဲ့ အတ္တကြီးတဲ့မေမေ ဒီလောကကြီးထဲက ထွက်သွားတာ ၃နှစ်တောင်ပြည့်ပြီ အတ္တကြီးလွန်းတဲ့မေမေဟာ တစ်စုံတစ်ရောက်ကို မနှစ်မြို့မူကြောင့် အမုန်းတရားတွေကြီးထွားရင်း ဇာတ်သိမ်းသွားခဲ့တာ ဟူး ဖြစ်ခဲ့ပြီးပြီမို့ မတွေးချင်တော့ အရာအားလုံးက သူ့နေရာနဲ့သူ နေသားကျနေပြီပဲ ဒီတိုင်းသာရှ်ိနေပါစေတော့ ကိုယ်တိုင်လဲ ဖန်တီးယူနိုင်စွမ်းမှမရှိတာ
လူသားထဲက လူသားတစ်ဉီးမို့ ခေါင်းမာမာနဲ့ လက်မခံတဲ့အရာတစ်ခုက နှလုံးသားရဲ့အလိုကိုလိုက်ဖို့ ဒါကိုတော့ ချွင်းချတ်အနေနဲ့ ဆက်မှားနေအုန်းမှာ ခေါင်းမာတာမို့ နည်းနည်းလောက်ဖြစ်ဖြစ်မျှော်လင့်နေမိသေးတာ ။

ERRANTWhere stories live. Discover now