Unicode 🖇️🖇️
ကောင်းကင်ကြီးကမဲမှောင်နေပြီးမိုးရိပ်မိုးသားတို့ကလဲ တလိပ်လိပ်တက်လာနေကြသည် မကြာခင်မှာတော့ အရှိန်ပျင်းစွာနဲ့ရွာချတော့မယ့်မိုးဟာ မရွာခင်ကပင်စွေလို့နေခဲ့သည်။
ပြိုတော့မယ်ကောင်းကင်ပြင်ကြီးဟာ အထီးကျန်လွန်းလှသည်သဘာဝတရားရဲ့အလှကို မြတ်နိုးတဲ့ လူတချို့အဖို့တော့ယခုလို အုပ်မိူင်းနေတဲ့ကောင်းကင်ပြင်ကြီးက အထီးကျန်ဆန်ကောင်းဆန်နေလိမ့်မည် သို့ပေမဲ့ လူသားတစ်ဉီးအတွက်တော့ဒီအခြေအနေဟာ သင့်တော်တဲ့ ရင်တွင်းတစ်နေရာကခံစားချတ်တွေကိုဖြေသိမ့်ပေးနိုင်သည်။ ဒီညကုန်ဆုံးလို့ မနတ်လင်းရောင်လာရင် ကိုကို ပြန်လာတော့မှာ စိုးရိမ်နေခဲ့သည်လား မလိုလားသည်လား မကွဲပြားခြင်းနှစ်ချပ်ကြောင့် စင်းစားရခတ်နေခဲ့သည်။ကင်မ်ထယ်ကတော့ ရင်ခွင်ထဲမှသူ့ကိုတင်းကျပ်စွာဖတ်ထားရင်းအိပ်စပ်နေသည်။ အိပ်မပျော်နိုင်သည့်သူမှာတော့ဂျောင်ကုပင် ကိုကိုခရီးထွက်သွားလို့ ၂ရက်မြောက်တဲ့နေ့ထဲက သူနဲ့ကင်မ်ထယ်ရဲ့ ဆက်ဆံရေးက ပိုမိုပြင်းထန်လို့လာခဲ့သည် တစ်ရောက်နဲ့တစ်ရောက်မျက်စီအောက်က အပျောက်မခံနိူင်သည်အထိ ချစ်မိလာကြသည် တွယ်တာလာခဲ့ကြသည် ဒီရက်တောအတွင်းမှာသူသိလိုက်ရသည်က ကင်မ်ထယ်မရှိရင်သူလဲမရှင်သန်နိုင်ဘူးဆိုတာ ... နီးစပ်မူများလေတွယ်တာမူတွေတိုးလာဆိုသလိုပင် မနတ်ဖြန်ကို သူမရောက်ချင်ဘူး မသိစိတ်က လိူ့ဆော်နေတဲ့ အရာတွေကို ဇွတ်မိုက်လိုက်ချင်ပေမဲ့ သူ့အပေါ်ကောင်းလွန်းတဲ့ ကျေးဇူးရှင် ကိုကိုရဲ့ ဖြူစင်တဲ့ မျက်ဝန်းလေးတွေကို မြင်ယောင်လာမိသည့်အခါတိုင်း ကိုယ့်အခြေနေကိုယ်ရင်နာမိသည် ဒီနွံ့ထဲကနေလွတ်မြောက်ချင်ပြီ သူသာပျောက်ကွယ်သွားရင် အရာရာအဆင်ပြေသွားမလားဆိုတဲ့ အတွေးကအသုံးဝင်ခဲ့လေမလား??
" ဂျွန်...အိပ်မရဘူးလား...."
ရင်ခွင်ထဲက လူပ်လာတဲ့ ကောင်လေးကြောင့် အအိပ်စက်လွန်းတဲ့ ထယ်ယောင်းနိုးလာခဲ့ရသည်။မျက်လုံးတွေကိုဖွင့်လိုက်သည်နှင့်မြင်လိုက်ရသည့်အရာကြောင့် ရင်ဘက်ထဲဆူးအောင့်သွားရသည်ဂျွန်ဟာငိုနေခဲ့ပြန်သည်လေ အသံမထွက်အောင်ငိုနေသည်မို့ ရဲတွက်လို့နေတဲ့မျက်နှာလေးနဲ့ တဆတ်ဆတ်တုန်ရီနေခဲ့တဲ့နူတ်ခမ်းဖြူဖျော့ဖျော့လေး ဂျွန်ရယ် ငိုနေပြန်ပြီလားကိုယ်ရင်တွေနာလို့ပါ .... လှဲအိပ်နေရာမှ အသာထထိုင်ကာရင်ခွင်ထဲကချစ်ရသူလေးကို ပခုံးလေးမှအသာလေးဆွဲကိုင်ရင်း မျက်နှာချင်းဆိုင်လိုက်သည်။