Ep{8}

773 102 23
                                    

Zawgyi

အခန်းအတွင်းက မီးရောင်ဖျော့ဖျော့လေးအောက်မှာ ငြိမ်သက်စွာအိပ်မောကျနေတဲ့ ကောင်လေးတစ်ရောက်ကတော့လောကကြီးနဲ့ အဆက်သွယ်ပြတ်တောက် လို့နေသည်။ အိပ်စက်အနားယူနေတဲ့ ကောင်လေးရဲ့ မျက်နှာအစိတ်အပိုင်းလေးတွေကို သူ တစိမ့်စိမ့်ထိုင်ကြည့်နေမိသည်။ နီရဲစုထွေးနေတဲ့ ပါးလွှာလွှာသူ့နူတ်ခမ်းလေးက တလက်လက် တောက်ပနေတဲ့ပတ္တမြားတစ်ပွင့်လို ဖောင်းဖောင်းလေးဖြစ်နေတဲ့ သူ့ပါးအို့မို့မို့လေးနှစ်ဖတ်က ချယ်ရီဖူးလေး အလား ရဲအိနူးစက်နေသည်
နှာတံလုံးလုံးလေးကတော့ ချစ်စဖွယ်အတိ ပီဘိကလေးငယ်ရဲ့ချစ်စရာအကောင်းဆုံးအားနည်းချတ်ထဲက တစ်ခုဖြစ်တဲ့ ထိုနှာခေါင်းလုံးလေးကို လူအများကဝိုင်းအသဲယားကြသည်နှာခေါင်းလေး များရူံ့ရူံ့ ရယ် လိုက်ရင် အနီရောင်နှင်းဆီပန်းခင်းကြီးတောင် ဖြတ်ပြေးသွားသလိုမျိုး တစ်လောကလုံးကိုအပိုင်စားရထားတဲ့ သူ့ရဲ့ အလှတရားလေးကိုပြပါဆိုလျှင် မှိတ်ထားတဲ့ သူလေးရဲ့ မျက်ခွံအတွင်းက အညိုရောင် မျက်လုံးဝိုင်းဝိုင်းလေး သိပ်လှတယ် မင်းက ဒီမျက်ဝန်းညိုလေးနဲ့ သိပ်လှလွန်းတယ် စင်ယော်တောင်လို သွယ်တန်းနေတဲ့စိမ်းလဲ့လဲ့ မျက်ခုံးလေးရဲ့အောက်က လှပတဲ့ မျက်ဝန်းဝိုင်းတွေကို ကာရန်ထားတဲ့ မျက်တောင်မွှေးခပ်စိပ်စိပ်လေးတွေက လိပ်ပြာတွေ ပျံဝဲနေသလိုဘဲ မျက်တောင်တချတ်မှိတ် တချတ် ဖွင့်လိုက်တိုင်းမှာ လှချင်တိုင်းလှလို့နေခဲ့သည် ပိုသောအလှတရားလေးတစ်ခုကတော့ သူလေးရဲ့မူပိုင် မှဲ့နတ်လေး ထိုမှဲ့နတ်လေး နဲ့ ကောင်လေးက နတ်ဘုရားတစ်ပါး လိုဘဲ ညို့ယူထားတယ် မြင်တွေ့သမျှလူသားတိုင်းကို သူ့အလှရားရဲ့ ထံပါးမှာကြွေဆင်းခဲ့ရတဲ့ လူသားတွေထဲမှာသူကိုယ်တိုင်လဲပါဝင်ခဲ့သည်။

မျက်နှာအစိတ်အပိုင်းတစ်ခုလုံးကို ခြုံကြည့် လိုက်မယ်ဆိုရင် ဂျောင်ကုဆိုတဲ့ မင်းလေးက လှသော ယောကျာ်းလေးတစ်ရောက် လှတာထက် မင်းလေးက စွဲဆောင်တာ အစိတ်ပိုင်းတစ်ခုစီတိုင်းက စွဲမတ်စရာကောင်းနေတာ လှခြင်းရဲ့အလွန်ကလှသောစွဲဆောင်မူလေးနဲ့ လူသားလေးလို့ ကိုယ် စာတင်ပါရစေဂျောင်ကု မင်းသိပ်လှလွန်းတယ် သိပ်စွဲဆောင်လွန်းတယ်မင်းအလှမှာကျရူံးပြီးရင်း ကိုယ်ကျရူံးခဲ့ရပြီ ချစ်တယ် ချစ်တာထက် မြတ်နိုးတယ် ဂျောင်ကု ရယ် ကိုယ်မင်းရဲ့ အတွင်းစိတ်လေးကို မမြင်ရခင်ထိ မင်းလေးရဲ့အပေါ် ကိုယ်ပိုင်ဆိုင်လိုစိတ်တွေသာ ကြီးစိုးနေခဲ့တာ အခုတော့ ကိုယ် မင်းရဲ့တိမ်စိုင်လေးလို ဖြူစင်တဲ့ စိတ်ကလေးကို မြင်သိလိုက်ရတဲ့ အချိန်မှာ ကိုယ်သိလိုက်ရတဲ့ အရာလေးတစ်ခုက ကိုယ်မင်းကို ချစ်လွန်းသွားလို့ ပိုင်ဆိုင်ဖို့မကြိုးစားတော့ဘူး ကိုယ်မင်းရဲ့အနားမှာနေပြီးမင်းရဲ့ရင်းနီးမူ လေးကို ရယူနိုင်ဖို့ဘဲ ကိုယ် အာရုံထားလိုက်ပြီ ကောင်လေးရယ် ချစ်လွန်းလို့ ပေးဆပ်လိုက်တာပါ မင်းလေးရယ် မင်းရင်ထဲမှာ အချစ်ရှိနေပြီဘဲ ကိုယ် နေရာယူဖို့မကြိုးစားတော့ပါဘူး တစ်ခုလေးဘဲ ကိုယ့်ကို မင်းနဲ့ ရင်းနီးမူလေးတော့ ပေးပါကွာ ဒီတစ်ခုသော တောင်းဆုလေးကိုတော့မင်း ဖြည့်ဆည်းခွင့်ပေးပါ လေ .......
နူးညံ့လှပလွန်းတဲ့ ကောင်လေးရဲ့ မျက်နှာနုနုလေးကို သူ့လက်တွေနဲ့ ညင်သာစွာထိတွေ့နေမိရင်း ဖြူစင်လွန်းလှတဲ့ ကောင်လေးရဲ့ အပြုအမူလေးကို မျက်လုံးထဲ ပြန်မြင်လာမိတာက ညနေခင်း Bar က ငမူးလေးရဲ့ မပီကလာပီကလာစကားလေးတွေနဲ့ အတူ သူလေးရဲ့ ရင်တွင်းစကားတွေ ...

ERRANTWhere stories live. Discover now